တရုတ်စီးပွားရေးက ၂၀၂၈မှာ အမေရိကန်ကို ကျော်တက်မယ်လို့ ခန့်မှန်း

တရုတ်နိုင်ငံရဲ့စီးပွားရေးဟာ ကနဦးခန့်မှန်းထားတာထက်၅နှစ်စောပြီး ၂၀၂၈ ခုနှစ်မှာ အမေရိကန်ပြည်ထောင်စုကို ကျော်တက်ပြီး ကမ္ဘာ့စီးပွားရေး အင်အားအကြီးဆုံး ဖြစ်လာလိမ့်မယ်လို့ ဗြိတိန်သုတေသနအဖွဲ့က ဆိုပါတယ်။

လန်ဒန်အခြေစိုက် စီးပွားရေးနဲ့စီးပွားရေး လုပ်ငန်းဆိုင်ရာ သုတေသနစင်တာ (CEBR)က နိုင်ငံနဲ့နယ်မြေဒေသ ၁၉၃ခုအတွက် ၂၀၃၅ ခုနှစ်အထိ စီးပွားရေးခန့်မှန်းချက်ကို စနေနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။
ဒီနှစ်မှာ တခြားအဓိကနိုင်ငံကြီးတွေရဲ့ GDP တိုးတက်မှုနှုန်း ကျုံ့ဝင် သွားမယ်လို့ မျှော်လင့်ရချိန်မှာ တရုတ်နိုင်ငံရဲ့ GDPတိုးတက်မှုနှုန်းက ၂ ရာခိုင်နှုန်း တက်လာမယ်လို့ အဲဒီ အစီရင်ခံစာမှာ ခန့်မှန်းထားပါတယ်။
တရုတ်ဟာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကို အောင်အောင်မြင်မြင် ထိန်းချုပ်နိုင်ခဲ့ပြီး သူ့စီးပွားရေးဟာ အမေရိကန်နဲ့ ဥရောပနိုင်ငံတွေထက် ပိုပြီး လျင်လျင်မြန်မြန် ပြန်နာလန်ထူလာနေတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
အဲဒီ ဗြိတိန် သုတေသနအဖွဲ့က ၂၀၂၀ ပြည့်နှစ်မှာ ကမ္ဘာ့GDPဟာ ၄.၄ ရာခိုင်နှုန်းအထိ ကျဆင်းမယ်လို့ ခန့်မှန်းထားပါတယ်။ ဂျပန်ရဲ့ GDPဟာ ကူးစက်ရောဂါကြောင့် စီးပွားရေးအပေါ် အကြီးအကျယ် ဆိုးကျိုး သက်ရောက်မှုဖြစ်ပြီး ၅.၅ရာခိုင်နှုန်း ကျုံ့ဝင်သွားမယ်လို့ ခန့်မှန်းထား ပါတယ်။