ဂျပန်က ခရိုင် ၇ခု ဟာ ကူးစက်မှု အဆင့်၄ ကိုရောက်နေ

ဂျပန်မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုတွေ ရုတ်တရက်များလာနေတဲ့အတွက် ဆေးရုံတက်လူနာအရေအတွက် မြင့်တက်လာနေပါတယ်။

အထူးသဖြင့် တိုကျိုနဲ့ အိုစာကာ မှာ အသည်းအသန်ဖြစ်နေတဲ့ကိုဗစ်-၁၉ လူနာဦး‌‌ရေဟာ ဆေးရုံတွေမှာ လက်ခံနိုင်တဲ့လူနာအရေအတွက် ရာနှုန်းပြည့် နီးပါးရှိနေပြီဖြစ်ပါတယ်။
ကျန်းမာရေးဝန်ကြီးဌာနရဲ့ အစီရင်ခံစာတစ်စောင်အရ၊ အင်္ဂါနေ့ အချိန်က ခရိုင် ၇ ခုမှာ ဆေးရုံတက်တဲ့လူနာဦးရေအနည်းအများ အခြေအနေကို အဆင့် ၄ ဆင့်ခွဲ သတိပေးတဲ့စနစ်ထဲက အမြင့်ဆုံးဖြစ်တဲ့ အဆင့် ၄ ကို ရောက်နေပြီလို့ သိရပါတယ်။
အဆင့် ၄ ဆိုတာဟာ ဆေးရုံတွေရဲ့ လူနာကုတင်ပြည့်နေမှု ၅၀ရာခိုင်နှုန်းနဲ့ အထက်မှာ ရှိတာကိုဖော်ပြပြီး၊ တကယ်လို့ ကူးစက်မှုတွေ ရုတ်တရက် မြင့်တက်လာခဲ့ရင် ဆေးကုသစောင့်ရှောက်ရေးစနစ်တွေ လုံးဝပြိုလဲသွားနိုင်တဲ့ အန္တရာယ်ရှိပါတယ်။
ဆေးရုံတက် ကိုဗစ်လူနာရာခိုင်နှုန်း အမြင့်ဆုံးက Osaka ခရိုင်ဖြစ်ပြီး ၆၃.၈ ရာခိုင်နှုန်း ရှိပါတယ်။ အဲဒီနောက် Hyogo ခရိုင်မှာ ၆၁.၉ ရာခိုင်နှုန်း၊ Gunma မှာ ၆၁.၈ ရာခိုင်နှုန်း၊ Kochi မှာ ၅၉.၅ ရာခိုင်နှုန်း၊ Aichi မှာ ၅၅.၅ ရာခိုင်နှုန်း၊ တိုကျို မှာ ၅၃.၇ ရာခိုင်နှုန်း၊ Hokkaido မှာ ၅၁.၁ ရာခိုင်နှုန်း ရှိပါတယ်။
တိုကျိုမှာ အသည်းအသန်ဖြစ်နေတဲ့ကိုဗစ်-၁၉ ဆေးရုံတက်လူနာက ၆၈.၆ ရာခိုင်နှုန်းရှိနေပြီး ရက်သတ္တပတ်အတွင်း ၂.၂ ရာခိုင်နှုန်းမှတ် မြင့်တက်ခဲ့တာ ဖြစ်ပါတယ်။ Osaka မှာတော့ ၆၄.၅ ရာခိုင်နှုန်းရှိပြီး ၉.၂ ရာခိုင်နှုန်းမှတ် မြင့်တက်ခဲ့ပါတယ်။