တိုကျိုမြို့တော်မှာ တနင်္ဂနွေနေ့တွေထဲမှာ ကူးစက်မှုအများဆုံး စံချိန်တင်

တနင်္ဂနွေနေ့က တိုကျိုမြို့တော်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ အသစ် ၇၀၈ ဦး ရှိခဲ့တယ်လို့ တိုကျိုမြို့အုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်ခဲ့ ပါတယ်။
ဒါဟာ တနင်္ဂနွေနေ့တွေထဲမှာ ကူးစက်မှု အမြင့်ဆုံး ကိန်းဂဏန်း ဖြစ်ပါတယ်။ တစ်နေ့တာ ကူးစက်မှုပမာဏ ၇၀၀ ကျော်တာ ၅ ရက် ဆက်တိုက် ရှိသွားပြီ ဖြစ်ပါတယ်။
ဒီကနေ့အထိ တိုကျိုမှာ ကူးစက်ခံရသူ စုစုပေါင်း ၅၆၅၅၉ ဦး ရှိသွားပြီ ဖြစ်ပါတယ်။