ကာဗွန်ထုတ်လုပ်မှုနှင့်သုံးစွဲမှု ညီမျှရေးစိန်ခေါ်မှု ဂျပန်ရင်ဆိုင်နေရ

ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုကို ၂၀၅၀ ခုနှစ်မတိုင်မီမှာ သုံညဖြစ်စေရေးသတ်မှတ်ချက်ပန်းတိုင်ကို ရောက်ရှိစေဖို့အတွက် ဂျပန်အစိုးရဟာ နည်းပညာပိုင်းအရရော မူဝါဒအပိုင်းအရပါ စိန်ခေါ်မှုတွေကို ရင်ဆိုင်နေရပါတယ်။

ဂျပန်အစိုးရဟာ နယ်ပယ် ၁၄ ခုအတွက် သီးခြားစီသတ်မှတ်ထားတဲ့ ရည်မှန်းချက်ပစ်မှတ်တွေကို သောကြာနေ့က စုစည်းထုတ်ပြန်ခဲ့ပါတယ်။
၂၀၃၀ ပြည့်လွန်နှစ်တွေရဲ့ အလယ်ပိုင်းကာလမတိုင်မီမှာ ရောင်းချသမျှ ကားသစ်တွေဟာ လျှပ်စစ် ၊ လောင်စာဆဲလ်၊ ဟိုက်ဘရစ်မော်ဒယ် အမျိုးအစားတွေပဲဖြစ်ရမယ်လို့ ဆိုထားပါတယ်။ ၂၀၄၀ ခုနှစ် နောက်ဆုံးထားပြီး ကမ်းလွန်လေစွမ်းအင်ထုတ်လုပ်တဲ့စွမ်းအားကို ကီလိုဝပ်သန်း ၃၀ ကနေ ကီလိုဝပ် ၄၅ သန်း အထိရှိအောင် တိုးချဲ့လုပ်ဆောင်လိုပါတယ်။
ချမှတ်ထားတဲ့မူတွေနဲ့အညီ နည်းပညာဖွံ့ဖြိုးတိုးတက်ရေးနဲ့ အဲဒီနည်းပညာတွေကို လက်တွေ့အသုံးချနိုင်ရင် စီးပွားရေးအကျိုးအမြတ်ကို ၂၀၃၀ ခုနှစ်အထိအတွင်း နှစ်စဉ် ၈၇၀ ဘီလီယံဒေါ်လာ နဲ့ ၂၀၅၀ ခုနှစ်အထိအတွင်းမှာ ၁.၈ ထရီလီယံဒေါ်လာ ဖြစ်လာမယ်လို့ ခန့်မှန်းထားပါတယ်။
ဒါပေမဲ့ အဲဒီရည်မှန်းချက်တွေကို ရောက်ရှိစေဖို့အတွက် နည်းပညာပိုင်းဆိုင်ရာအရ စိန်ခေါ်မှုတွေ အများကြီးရှိနေပါသေးတယ်။
ဂျပန်အစိုးရကတော့ စီးပွားရေးလုပ်ငန်းတွေကို ဘတ်ဂျက် ၊ အခွန် ၊ ဘဏ္ဍာရေးထောက်ပံ့မှု ၊ တခြားနည်းလမ်းတွေနဲ့ အပြည့်အဝဖြည့်ဆည်းပံ့ပိုးမယ်လို့ ပြောပါတယ်။