တိုကျိုမြို့တော်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၉၄၉ ဦး နဲ့ စံချိန်တင်

စနေနေ့က တိုကျိုမြို့တော်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ အသစ် ၉၄၉ ဦးနဲ့ စံချိန်တင်ခဲ့တယ်လို့ တိုကျိုမြို့အုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ အများဆုံးစံချိန်က ကြာသပတေးနေ့က ရှိခဲ့တဲ့ ၈၈၈ ဦး ဖြစ်ပါတယ်။
တိုကျိုမှာ ကူးစက်ခံရသူ စုစုပေါင်း အခုဆိုရင် ၅၅၈၅၁ ဦး ရှိသွားပြီ ဖြစ်ပါတယ်။