တိုကျိုမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံသူအသစ်အရေအတွက် သောကြာနေ့မှာ ၈၈၄ ဦးရှိကြောင်း အတည်ပြု

သောကြာနေ့က တိုကျိုမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ အသစ် ၈၈၄ ဦး ရှိတယ်လို့ တိုကျိုမြို့တော်အုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဒီကိန်းဂဏန်းဟာ ဒီကနေ့အထိ ဒုတိယအမြင့်ဆုံး ဖြစ်ပါတယ်။ ကြာသပတေးနေ့က ကူးစက်သူအသစ်ဦးရေ ၈၈၈ ဦးရှိပြီး တစ်နေ့တာ ကူးစက်မှု အရေအတွက် ၈၀၀ ကျော်တာ ၂ရက်ဆက်တိုက် ဖြစ်ပါတယ်။
အခုဆိုရင် တိုကျိုမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရတယ်လို့ စမ်းသပ်တွေ့ရှိထားသူ စုစုပေါင်း အရေအတွက် ၅၄,၉၀၂ ဦး ရှိသွားပြီ ဖြစ်ပါတယ်။