နှစ်ကုန်ဆုံးချိန်မှာ ကျင်းပလေ့ရှိတဲ့ ရယ်မောတဲ့ ရိုးရာဓလေ့ကို နှာခေါင်းစည်းတပ်ဆင်ပြီး ကျင်းပ

ကုန်လွန်သွားတဲ့နှစ်ရဲ့ ဆိုးဝါးတဲ့အတွေ့အကြုံတွေကို ရယ်မောခြင်းနဲ့ ဖယ်ရှားပစ်တဲ့အခမ်းအနားဟာ ဂျပန်အနောက်ပိုင်းက Shinto ဘာသာရဲ့ အရေးပါတဲ့ နှစ်စဉ် ဓလေ့တစ်မျိုး ဖြစ်ပါတယ်။

ဒါပေမဲ့ အခုနှစ်မှာတော့ ပါဝင်သူတွေကို နှာခေါင်းစည်းတပ်ဆင်ထားဖို့နဲ့ အသံတိုးတိုးနဲ့ ရယ်မောဖို့ တောင်းဆိုခဲ့ပါတယ်။
ဗုဒ္ဓဟူးနေ့တုန်းက Higashi Osaka မြို့မှာရှိတဲ့ Hiraoka နတ်ကွန်း မှာ အဲဒီနှစ်စဉ်ရိုးရာဓလေ့ပွဲကို ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် ပမာဏ လျှော့ချ ပြုလုပ်ခဲ့ပါတယ်။
အဲဒီ အခမ်းအနားကို ဦးဆောင်တဲ့ ဘုန်းတော်ကြီးက ပါဝင်သူတွေကို စိတ်ထဲကပဲ အသံကျယ်ကျယ်နဲ့ ရယ်မောကြဖို့ ပြောကြားခဲ့ပါတယ်။
ပုံမှန် မိနစ် ၂၀ လောက် ကြာအောင် အသံကျယ်ကြီးနဲ့ အဆက်မပြတ် ရယ်မောကြပေမဲ့ အခုအခါမှာတော့ ၃ကြိမ် တိုတိုတုတ်တုတ် အသံထွက်ပြီးတော့ပဲ ရယ်မောခဲ့ကြပါတယ်။
အသက် ၆၀ ကျော်အရွယ် အမျိုးသမီးတစ်ဦးက ဒီပွဲမှာပါဝင်ရတာ ကောင်းခြင်းမင်္ဂလာတွေရခဲ့တယ်လို့ ခံစားရကြောင်း ဆိုပါတယ်။ ကပ်ရောဂါဟာ မကြာခင်မှာ အဆုံးသတ်တော့မယ်လို့ မျှော်လင့်ကြောင်းနဲ့ အဲဒီအချိန်ကျရင် နောက်တစ်ခါ တစ်ဦးနဲ့တစ်ဦး မျက်နှာချင်းဆိုင်ပြီး ရယ်မောမယ်လို့ သူက ပြောကြားခဲ့ပါတယ်။