ကြာသပတေးနေ့မှာ ဂျပန်တစ်နိုင်ငံလုံး ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု တစ်နေ့တာ စံချိန်သစ်တင်

ကြာသပတေးနေ့က ဂျပန်တစ်နိုင်ငံလုံးမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအသစ် တစ်နေ့တာ အရေအတွက်ဟာ ၃,၆၉၃ ဦးရှိပြီး စံချိန်သစ်တင်ခဲ့တယ်လို့ ဂျပန် ကျန်းမာရေးအာဏာပိုင်တွေက ထုတ်ပြန်ခဲ့ပါတယ်။

တိုကျိုမြို့မှာ ကြာသပတေးနေ့က ကူးစက်မှု အသစ် တစ်နေ့တာအရေအတွက် အများဆုံး စံချိန်တင်တဲ့ ၈၈၈ ဦး အတည်ပြုခဲ့တယ်လို့ တိုကျိုမြို့တော် အုပ်ချုပ်ရေးအဖွဲ့က ပြောလိုက်ပါတယ်။
အရင်စံချိန်ကတော့ လွန်ခဲ့တဲ့ သီတင်းပတ်က တင်ခဲ့တဲ့ ၈၂၁ ဦးဖြစ်ပါတယ်။
အခုအခါ တိုကျိုမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း ဆေးစစ်ချက် ရလဒ်ထွက်ခဲ့သူ စုစုပေါင်း ၅၄,၀၁၈ ဦး ရှိသွားပြီဖြစ်ပါတယ်။