တိုကျိုမှာ ဂျပန်-အာရပ်စီးပွားရေးဖိုရမ် စတင်

နှစ်ရက်တာ ကျင်းပမယ့် ဂျပန်-အာရပ် စီးပွားရေးဖိုရမ်ကို တိုကျိုမှာ စတင်လိုက်ပါပြီ။

အဲဒီဖိုရမ်ကို ၁၁ နှစ်တာအတွင်း ဂျပန်မှာ ပထမဆုံးအကြိမ် ကျင်းပတာ ဖြစ်ပြီး အဲဒီမှာ စီးပွားရေးဆက်ဆံမှုကို တိုးမြှင့်လုပ်ဆောင်ဖို့ အဓိကဆွေးနွေးမှာ ဖြစ်ပါတယ်။

အဲဒီဖိုရမ်ကို ဂျပန်အစိုးရနဲ့ အာရပ်နိုင်ငံများအသင်းက ပူးပေါင်းကျင်းပတာ ဖြစ်ပါတယ်။

ဗုဒ္ဓဟူးနေ့က အစိုးရနဲ့ စီးပွားရေးအရာရှိတွေဟာ ဂျပန်ရဲ့ ရင်းနှီးမြှုပ်နှံမှုကို တိုးမြှင့်ရေး၊ ရာသီဥတုပြောင်းလဲမှုပြဿနာကို ကိုင်တွယ်ရေး စတဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ပါတယ်။

ကာဗွန်ဓာတ်ငွေ့ထုတ်လွှတ်မှုကို လျှော့ချခြင်း၊ စွမ်းအင်၊ ရေ၊ စားနပ်ရိက္ခာနဲ့ ဆင်းရဲမွဲတေခြင်း စတဲ့ ကမ္ဘာလုံးဆိုင်ရာ အရေးကိစ္စတွေအတွက် အစီအမံတွေကို အမြန်ဆုံး ဆောင်ရွက်ရမှာ ဖြစ်တယ်လို့ ဂျပန်စီးပွားရေးဝန်ကြီး Saito Ken က သတိပေးခဲ့ပါတယ်။

ပညာရေး၊ စွမ်းအင်ပြောင်းလဲအသုံးပြုခြင်းနဲ့ ဒီဂျစ်တယ်နည်းပညာအပါအဝင် နယ်ပယ်အမျိုးမျိုးမှာ ဂျပန်စီးပွားရေးလုပ်ငန်းတွေက ပိုပြီး ခိုင်ခိုင်မာမာ ပူးပေါင်းပါဝင်လာလိမ့်မယ်လို့ မျှော်လင့်ကြောင်း အဲဒီအသင်းရဲ့ အထွေထွေအတွင်းရေးမှူး Ahmed Aboul Gheit က ပြောပါတယ်။