ဟော့ကိုင်းဒိုးရှိ ခရီးသွားလည်ပတ်ရာနေရာက လာရောက်လည်ပတ်သူတွေကို လာဗင်ဒါပန်းတွေခူးဖို့ အခွင့်အလမ်းပေး

ဟော့ကိုင်းဒိုးမှာရှိတဲ့ ခရီးသွားလည်ပတ်ရာတစ်နေရာမှာ ကလေးတွေနဲ့ တခြားဧည့်သည်တွေဟာ လာဗင်ဒါပန်းတွေကို ခူးဆွတ်နေကြပါတယ်။ အဲဒီနေရာကို စီမံခန့်ခွဲသူတွေက ပွင့်နေတဲ့ အဲဒီပန်းတွေကို ခူးဆွတ်ဖို့ အခွင့်အလမ်းကို ပေးနေပါတယ်။

ဆပ်ပိုးရိုမြို့မှာရှိတဲ့ Sapporo Hitsujigaoka Observation Hill က စတုရန်းမီတာ ၁,၂၀၀ ကျယ်ဝန်းတဲ့ ကွင်းပြင်ထဲမှာ လာဗင်ဒါပင် ၁,၀၀၀ လောက်ဟာ ပွင့်နေပြီ ဖြစ်ပါတယ်။ ဧည့်သည်တစ်ယောက်ကို လာဗင်ဒါပန်းခိုင် ၅၀ အထိ အခမဲ့ ခူးယူသွားလို့ ရပါတယ်။

ကြာသပတေးနေ့ မနက်က ဒေသခံ မူကြိုကျောင်းက ကလေးတွေနဲ့ ခရီးသွားတွေ အပါအဝင် လူအများအပြားဟာ အဲဒီပွဲကို ပျော်ပျော်ရွှင်ရွှင် ဆင်နွှဲခဲ့ကြပါတယ်။

ပန်းတွေကို ကတ်ကြေးတွေနဲ့ ဂရုတစိုက် ဖြတ်ကြပြီး ဓာတ်ပုံရိုက်ယူခဲ့ကြပါတယ်။

နှစ်နှစ်အရွယ် ကလေးတစ်ယောက်ရဲ့ မိခင်က ပန်းတွေရဲ့ အရောင်အသွေးနဲ့ အနံ့ကို သဘောကျတယ်လို့ ဆိုပါတယ်။ သူ့ကလေးနဲ့အတူ သဘာဝအလှတရားကို ခံစားခွင့်ရလို့ ပျော်တယ်လို့ သူက ဖြည့်စွက်ပြောဆိုပါတယ်။

ဧည့်သည်တွေကို ပန်းရနံ့တွေရှူစေပြီး အဲဒီပန်းတွေ ခြောက်သွားရင်တောင် အိမ်မှာ အဲဒီအနံ့ကို ခံစားစေချင်တယ်လို့ အဲဒီနေရာက အကြီးတန်းအရာရှိတစ်ဦးက ပြောပါတယ်။

အဲဒီပွဲကို ဇူလိုင်လ ၁၈ ရက်အထိ နေ့စဉ် မနက် ၁၀ နာရီကနေ ညနေ ၃ နာရီအထိ ပြုလုပ်မှာဖြစ်ပါတယ်။