အစ္စရေးရဲ့ တိုက်ခိုက်မှုကြောင့် ဟစ်ဇ်ဘိုလာ အကြီးတန်း တပ်မှူး သေဆုံး

အစ္စရေးတပ်တွေရဲ့ တိုက်ခိုက်မှုကြောင့် အဖွဲ့ရဲ့ အကြီးတန်းတပ်မှူးတစ်ဦး သေဆုံးခဲ့ကြောင်း လက်ဘနွန်က ရှီယာမွတ်စလင်အဖွဲ့ ဟစ်ဇ်ဘိုလာက ဗုဒ္ဓဟူးနေ့မှာ ကြေညာခဲ့ပါတယ်။

ဟစ်ဇ်ဘိုလာအဖွဲ့ဟာ အစ္စရေးဘက်ကို ဒုံးကျည်တွေ ပစ်လွှတ်ပြီး လက်တုံ့ပြန်ခဲ့ပါတယ်။

အစ္စရေး ကာကွယ်ရေးဝန်ကြီး Yoav Gallant က "လက်ဘနွန်မှာ လိုအပ်တဲ့ အရေးယူဆောင်ရွက်မှုမှန်သမျှကို လုပ်ဆောင်ဖို့ အစ္စရေးက အဆင်သင့်ဖြစ်နေပြီ။ ညှိုနှိုင်းမှုကို ‌ကျွန်တော်တို့ ပိုလိုလားပေမဲ့ တကယ်လို့ လက်တွေ့အခြေအနေက တွန်းအားပေးလာမယ်ဆိုရင် ဘယ်လိုတိုက်ရမလဲဆိုတာ ကျွန်တော်တို့ သိတယ်" လို့ သူက ဆိုပါတယ်။

နှစ်ဘက်အကြား ထိပ်တိုက်ရင်ဆိုင်မှုတွေ ဖြစ်ပွားလာမှာကို စိုးရိမ်နေရတာကြောင့် အခြေအနေဟာ တင်းမာနေဆဲ ဖြစ်ပါတယ်။

ဂါဇာတောင်ပိုင်းနဲ့ မြောက်ပိုင်းမှာ "အကြမ်းဖက်သမားတွေကို ချေမှုန်းပစ်ခဲ့တယ်" လို့လည်း အစ္စရေးစစ်တပ်က ဗုဒ္ဓဟူးနေ့မှာ ကြေညာခဲ့ပါတယ်။