ဂျပန်မှာ အလုပ်ကြောင့် စိတ်ကျန်းမာရေးပြဿနာ ခံစားရသူလို့ အသိအမှတ်ပြုခံရသူ ၈၈၃ ဦးအထိ စံချိန်တင် မြင့်မားလာ

၂၀၂၃ ခုနှစ်မှာ အလုပ်နဲ့ ဆက်စပ်တဲ့ စိတ်ကျန်းမာရေးပြဿနာတွေကြောင့် လျော်ကြေးရခွင့်ရှိတယ်လို့ အသိအမှတ်ပြုခံရသူ ၈၈၃ ဦး ရှိတယ်လို့ ဂျပန်ကျန်းမာရေးဝန်ကြီးဌာနက ဆိုပါတယ်။

ဒါဟာ ပြီးခဲ့တဲ့နှစ်ကထက် ၁၇၃ ဦး ပိုများပြီး ၁၉၈၃ ခုနှစ် မှတ်တမ်းစတင်ကောက်ယူချိန်နောက်ပိုင်း စံချိန်တင်အမြင့်ဆုံးဖြစ်တယ်လို့ ဝန်ကြီးဌာနက ပြောခဲ့ပါတယ်။

အလုပ်ကြောင့် လွန်ကဲစွာ စိတ်ဖိစီးမှုဒဏ်ကို ခံစားရတာ ဒါမှမဟုတ် တခြားအကြောင်းရင်းတွေကြောင့် စိတ်ကျရောဂါနဲ့ တခြားစိတ်ရောဂါတွေ ခံစားရတဲ့ အလုပ်သမားတွေလည်း အဲဒီအထဲမှာ ပါဝင်ပါတယ်။

အလုပ် အလွန်အကျွံ လုပ်ရတာကြောင့် မိမိကိုယ်ကိုယ် သတ်သေသူ ဒါမှမဟုတ် သတ်သေဖို့အထိကြိုးစားသူ ၇၉ ဦးရှိပြီး ၂၀၂၂ ခုနှစ်ကထက် ၁၂ ဦး တိုးလာခဲ့တယ်လို့ ဝန်ကြီးဌာနက ဆိုပါတယ်။

စိတ်ကျန်းမာရေးပြဿနာတွေဟာ အလုပ်နဲ့ သက်ဆိုင်တယ်လို့ အသိအမှတ်ပြုခံရနိုင်တာကို လူတွေ ပိုပြီးသိလာကြတာကြောင့် အဲဒီလို အသိအမှတ်ပြုခံရသူအရေအတွက် တိုးလာတာ ဖြစ်တယ်လို့ ဝန်ကြီးဌာနတာဝန်ရှိသူတွေက ပြောပါတယ်။

အလုပ်အလွန်အကျွံလုပ်တာနဲ့ အလုပ်ခွင်အတွင်း နှောင့်ယှက်တာတွေကို တားဆီးဖို့လည်း ဆက်လက်ကြိုးပမ်းသွားမယ်လို့ တာဝန်ရှိသူတွေက ဆိုပါတယ်။