အစိုးရဝန်ထမ်းတွေ နွေရာသီအပိုဆုကြေး ၂ နှစ်ဆက်တိုက်တိုးလာ

ဂျပန်နိုင်ငံရဲ့ ပြည်သူ့ဝန်ထမ်းတွေဟာ ၂၀၂၄ ခုနှစ်မှာ ၂ နှစ်ဆက်တိုက် သူတို့ရဲ့ ပျမ်းမျှနွေရာသီ အပိုဆုကြေးတွေ တိုးမြင့် ရရှိခဲ့ကြပါတယ်။

ပျမ်းမျှ အသက် ၃၃ နှစ်ရှိပြီး စီမံခန့်ခွဲရေးဆိုင်ရာမဟုတ်တဲ့ ဝန်ထမ်းတွေဟာ အပိုဆုကြေး ယန်း ၆၅၉,၀၀၀ လောက် တနည်းအားဖြင့် အမေရိကန်ဒေါ်လာ ၄,၁၀၀ ဝန်းကျင် လောက် ရရှိခဲ့တယ်လို့ အစိုးရက ပြောပါတယ်။

ဒါဟာ ယန်းငွေနဲ့ တွက်ရင် ပြီးခဲ့တဲ့နှစ်ကထက် ၃.၅ ရာခိုင်နှုန်း တက်လာတာဖြစ်ပြီး ပုဂ္ဂလိကလုပ်ငန်းနယ်ပယ်နဲ့ကြားက ကွာဟချက်ကို ကျဉ်းမြောင်းသွားစေဖို့ အ‌‌ထောက်အကူပြုလိမ့်မယ်လို့ မျှော််လင့်ပါတယ်။

ဂျပန်ဟာ ပြည်သူ့ဝန်ထမ်း မလုံလောက်မှုနဲ့ ရင်ဆိုင်နေရပါတယ်။ မတ်လမှာ အသက်မွေးဝမ်းကြောင်းဆိုင်ရာ ရာထူးတွေအတွက် လျှောက်ထားသူအရေအတွက်ဟာ ၂၀၁၂ ဘဏ္ဍာရေးနှစ် နောက်ပိုင်း အနိမ့်ဆုံးဖြစ်ပါတယ်။

အဲဒါအပြင် ၁၀ နှစ်ပြည့်အောင် မလုပ်မလုပ်ဘဲ ရာထူးကနေ နုတ်ထွက်သွားခဲ့တဲ့ အစိုးရ၀န်ထမ်းတွေ ပိုများလာနေပါတယ်။

အစိုးရဟာ ဒစ်ဂျစ်တယ်နည်းပညာကို အသုံးပြုတာ၊ အလုပ်ချိန်ကို လျှော့ချတာတွေ လုပ်ပြီး အဲဒီပြဿနာတွေကို ဖြေရှင်းဖို့ ကြိုးစားနေပါတယ်။