ဂျပန်ဧကရာဇ်ဘုရင်နဲ့ မိဖုရားတို့ ဗြိတိန်ဘုရင်နဲ့ မိဖုရားကို နှုတ်ဆက်

ဂျပန်ဧကရာဇ် ဘုရင် Naruhito နဲ့ မိဖုရား Masako တို့ဟာ ဗြိတိန်နိုင်ငံ တရားဝင်ခရီးစဉ် ပြီးဆုံးတဲ့ အနေနဲ့ ဗြိတိန်နိုင်ငံ Buckingham နန်းတော်မှာ Charles ဘုရင် နဲ့ မိဖုရား Camilla တို့ကို ကြာသပတေးနေ့က နှုတ်ဆက်ခဲ့ကြပါတယ်။

ဂျပန်ဧကရာဇ် ဘုရင် နဲ့ မိဖုရားတို့ကို ဗြိတိန်ဘုရင် Charles က တရားဝင် ဖိတ်ကြားခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံတော်ဧည့်သည်တော်တွေအဖြစ် သူတို့ရဲ့ ခရီးစဉ်ကို အဆုံးသတ်ပြီးနောက် ဂျပန်ဧကရာဇ် ဘုရင် နဲ့ မိဖုရား တို့ဟာ လန်ဒန်အရှေ့ပိုင်းက ကလေးတွေအတွက် ပြတိုက်ဖြစ်တဲ့ Young V&A ကို သွားရောက်လည်ပတ်ခဲ့ကြပါတယ်။ သူတို့ဟာ ဒေသခံ ဂျပန်လူမျိုး ကျောင်းတစ်ကျောင်းက ကျောင်းသားတွေနဲ့ စကားပြောခဲ့ကြပါတယ်။

အဲဒီနောက် ဘုရင်နဲ့ မိဖုရားတို့ဟာ နောက်ထပ် ကလေးအုပ်စုတစ်စု ဂျပန်ရိုးရာ အိုရီဂါမီ စက္ကူခေါက် ကစားနည်း ကစားနေတာကို ကြည့်ခဲ့ပါတယ်။

ဧကရာဇ် ဘုရင်ဟာ Windsor ရဲတိုက်ရှိ စိန့်ဂျော့ခ်ျ ခရစ်ယာန်ဘုရားရှိခိုးကျောင်းကိုလည်း သွားရောက်ခဲ့ပါတယ်။ ၂၀၂၂ ခုနှစ်မှာ ကွယ်လွန်ခဲ့တဲ့ အဲလိဇဘက် ၂ ဘုရင်မကြီး နဲ့ ၂၀၂၁ ခုနှစ်မှာ ခဲ့တဲ့ ခင်ပွန်းဖြစ်သူ မင်းသား Philip တို့ရဲ့ အုတ်ဂူမှာ သူက လွမ်းသူ့ပန်းခွေချခဲ့ပါတယ်။

ဧကရာဇ်ဘုရင် Naruhito က "ကျွန်တော်တို့အတွက် သူတို့လုပ်ပေးခဲ့တဲ့အရာအားလုံးအတွက် လေးလေးနက်နက် ကျေးဇူးတင်ကြောင်း ဖော်ပြဖို့ ဒီအုတ်ဂူကို လာခဲ့တာပါ" လို့ ဆိုပါတယ်။