ဂျပန်နိုင်ငံအနောက်ပိုင်းနဲ့ အရှေ့ပိုင်းတို့မှာ စနေနေ့အထိ မိုးသည်းထန်မယ်လို့ ခန့်မှန်းရ

ရာသီအလိုက် မိုးရွာသွန်းစေတဲ့ လေလမ်းကြောင်းတစ်ခုနဲ့ လေဖိအားနည်းရပ်ဝန်းတစ်ခုတို့ကြောင့် ဂျပန်နိုင်ငံအနောက်ပိုင်းနဲ့ အရှေ့ပိုင်းဒေသတွေမှာ လေထုမတည်မငြိမ်ဖြစ်စေပြီး မိုးသည်းထန်နေပါတယ်။

သောကြာနေ့အထိ မိုးရွာသွန်းထားမှုကြောင့် မြေကြီးတွေ ပျော့နေပြီ ဖြစ်တဲ့အတွက် ကာဂိုရှီးမားနဲ့ ရှီဇူအိုကာ ခရိုင်တွေမှာ မြေပြိုမှုတွေ ဖြစ်ပွားနိုင်တယ်လို့ မိုးလေဝသတာဝန်ရှိသူတွေက သတိပေးထားပါတယ်။

အဲဒီလေလမ်းကြောင်းနဲ့ လေဖိအားနည်းရပ်ဝန်းထဲကို စီးဝင်လာတဲ့ ပူနွေးစိုစွတ်တဲ့လေထုဟာ Kyushu ဒေသ ကနေ Kanto ဒေသ အပေါ်မှာ တည်ရှိနေပြီး ဂျပန်အနောက်ပိုင်းနဲ့ အရှေ့ပိုင်းတွေမှာ လေထုအခြေအနေ အလွန် မတည်မငြိမ် ဖြစ်နေတယ်လို့ ဂျပန်မိုးလေဝသအေဂျင်စီက ပြောပါတယ်။

ဒီကနေ့ မွန်းတည့်ချိန်မတိုင်မီ Shizuoka ခရိုင်အပေါ်မှာ မိုးတိမ်တန်းကြီးတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

ရာသီအလိုက် မိုးရွာသွန်းစေတဲ့ လေလမ်းကြောင်းတစ်ခုကြောင့် ဂျပန်အနောက်ပိုင်းနဲ့ အရှေ့ပိုင်းတွေမှာ စနေနေ့အထိ မိုး အကြီးအကျယ် ရွာသွန်းနိုင်ပြီး တစ်ချို့နေရာတွေမှာ အလွန့်အလွန် မိုးသည်းထန်နိုင်ပါတယ်။

ရွှံ့မြေပြိုမှု၊ မြေနိမ့်ပိုင်းနေရာတွေမှာ ရေကြီးမှုနဲ့ မြစ်ချောင်းတွေမှာ ရေတက်မှု ဒါမှမဟုတ် ရေလျှံမှုတို့ကို သတိထားကြဖို့ အကြံပြုထားပါတယ်။ မိုးကြိုးပစ်မှုနဲ့ လေပြင်းတိုက်ခတ်မှုတွေ ဖြစ်ပေါ်နိုင်တယ်လို့ မိုးလေဝသတာဝန်ရှိသူတွေက သတိပေးနေပါတယ်။