Kyushu ဒေသ မြောက်ပိုင်းနဲ့ Yamaguchi ခရိုင်မှာ မိုးသည်းထန်မှုကြောင့် ဘေးအန္တရာယ်တွေ ဖြစ်နိုင်ဖွယ်ရှိ

Kyushu ဒေသရဲ့ တစ်ချို့နေရာတွေမှာ ဆက်လက်ပြီး မိုးသည်းထန်နေပါတယ်။ မိုးသည်းထန်စေနိုင်တဲ့ မိုးတိမ်တန်းတွေ ဖြစ်ပွားနိုင်တဲ့အတွက်ကြောင့် Kyushu ဒေသမြောက်ပိုင်း နဲ့ Yamaguchi ခရိုင်အတွင်း ဘေးအန္တရာယ်တွေ ဖြစ်ပွားနိုင်ခြေ မြင့်တက်လာနိုင်တယ်လို့ မိုးလေဝသတာဝန်ရှိသူတွေက သတိပေးထားပါတယ်။

ဂျပန်နိုင်ငံ အနောက်ပိုင်းပေါ်မှာ ရာသီအလိုက် မိုးရွာသွန်းစေတဲ့ လေလမ်းကြောင်းတစ်ခုကြောင့် ကျူရှူးဒေသတောင်ပိုင်းမှာ လေထုမတည်မငြိမ်ဖြစ်စေပြီး မိုးတိမ်တောင်တွေကို ဖြစ်ပေါ်လာစေတယ်လို့ မိုးလေဝသအေဂျင်စီက ပြောပါတယ်။

အဲဒီလေလမ်းကြောင်းဟာ မြောက်ဘက်ကို ရွေ့လျားလိမ့်မယ်လို့ ခန့်မှန်းရပြီး ပူနွေးစိုစွတ်တဲ့ လေထုတစ်ခုဟာ အဲဒီလေလမ်းကြောင်းထဲက လေဖိအားနည်းရပ်ဝန်းတစ်ခုဆီကို စီးဝင်သွားပြီး မိုးရွာသွန်းနိုင်ဖွယ် ရှိတယ်လို့ ခန့်မှန်းရပါတယ်။

Fukuoka၊ Saga၊ Oita၊ Kumamoto၊ Nagasaki နဲ့ Yamaguchi ခရိုင်တွေမှာ ကြာသပတေးည ကနေ သောကြာနေ့မနက် အထိ မိုးတိမ်တန်းတွေ ဖြစ်လာနိုင်တယ်လို့ ခန့်မှန်းထားပြီး ဘေးအန္တရာယ် ဖြစ်ပွားနိုင်ခြေတွေ အလျင်အမြန် မြင့်တက်လာနိုင်တယ်လို့ မိုးလေဝသအေဂျင်စီက ပြောပါတယ်။

မြေပြိုမှု၊ မြေနိမ့်ပိုင်းဒေသတွေမှာ ရေကြီးမှု၊ မြစ်ရေလျှံမှု၊ မိုးကြိုးပစ်မှု၊ လေဆင်နှာမောင်းလိုမျိုး ပြင်းထန်တဲ့ လေပြင်းတွေ တိုက်ခတ်မှုစတဲ့ ဘေးအန္တရာယ်တွေကို ပြည်သူတွေအနေနဲ့ သတိရှိကြဖို့ မိုးလေဝသအရာရှိတွေက တောင်းဆိုနေပါတယ်။