တိုကျိုဈေးကွက်မှာ အမေရိကန်ဒေါ်လာနဲ့ လဲလှယ်ရာမှာ ဂျပန်ယန်းငွေ ၁၆၀ ကျော် နဲ့ ရောင်းဝယ်နေ

ကြာသပတေးနေ့က တိုကျိုနိုင်ငံခြားငွေလဲလှယ်ရေးဈေးကွက်မှာ အမေရိကန်ဒေါ်လာ တစ်ဒေါ်လာကို ဂျပန်ယန်းငွေ ၁၆၀.၅ ဝန်းကျင်နဲ့ ရောင်းဝယ်နေကြပါတယ်။

ဗုဒ္ဓဟူးနေ့က နယူးယောက်မြို့ဈေးကွက်မှာ ဂျပန်ယန်းငွေဟာ အမေရိကန်ဒေါ်လာနဲ့လဲလှယ်ရာမှာ တစ်ချိန်မှာ တစ်ဒေါ်လာကို ၁၆၀.၅ ကျော်တဲ့အထိ တန်ဖိုးကျဆင်းခဲ့ပါတယ်။ ဒါဟာ ၃၇ နှစ်ကျော်အတွင်း ပထမဆုံး ကျဆင်းတာ ဖြစ်ပါတယ်။

ဂျပန်ယန်းငွေဟာ ယူရိုငွေနဲ့ လဲလှယ်ရာမှာလည်း တစ်ချိန်မှာ တစ် ယူရိုကို ၁၇၁.၅ ယန်းကျော်အထိ ကျဆင်းခဲ့ပါတယ်။ ဒါဟာ ၁၉၉၉ ခုနှစ်မှာ ယူရိုငွေကို စတင်သုံးစွဲပြီးနောက်ပိုင်း အနိမ့်ဆုံး ဖြစ်ပါတယ်။

စျေးကွက်ထဲက လှုပ်ရှားနေသူတွေဟာ ဂျပန်အစိုးရနဲ့ ဗဟိုဘဏ်တို့ရဲ့ စျေးကွက်ဝင်ရောက်စွက်ဖက်မှု ဖြစ်နိုင်ချေနဲ့ ပတ်သက်ပြီး ပိုမိုသတိထားနေကြပါတယ်။

ဘဏ္ဍာရေးဝန်ကြီး Suzuki Shunichi က သူ့ရဲ့ ဝန်ကြီးဌာနဟာ ယန်းငွေတန်ဖိုးကျဆင်းမှုရဲ့ နောက်ကွယ်မှာ ရှိနေတဲ့ အရာတွေကို သတိကြီးကြီးထားပြီး လေ့လာစီစစ်ကာ လိုအပ်သလို အရေးယူဆောင်ရွက်သွားမှာဖြစ်ကြောင်း ကြာသပတေးနေ့မနက်မှာ ပြောကြားခဲ့ပါတယ်။

အဲဒီလို ပြောကြားချက်ကြောင့် ရင်းနှီးမြှုပ်နှံသူတစ်ချို့ဟာ ဂျပန်ယန်းငွေကို ပြန်လည်ဝယ်ယူခဲ့ပါတယ်။