ကျိုတိုမြို့ Byodoin ဘုရားကျောင်းမှာ နှစ်ပေါင်း ၂၀၀ သက်တမ်းရှိတဲ့ မျိုးစေ့ကနေ ပေါက်လာတဲ့ ကြာပန်းတွေ ပွင့်နေပြီ

ဂျပန်အနောက်ပိုင်း ကျိုတိုခရိုင်က ရှေးဟောင်း ဗုဒ္ဓဘာသာဘုရားကျောင်းတစ်ခုမှာ နှစ်ပေါင်း ၂၀၀ လောက် သက်တမ်းရှိတဲ့ မြေလွှာကနေ တူးဖော်တွေ့ရှိခဲ့တဲ့ မျိုးစေ့ကနေ ပေါက်လာတဲ့ ကြာပန်းတွေ ပွင့်နေပါပြီ။

Uji မြို့က Heian ခေတ်နှောင်းပိုင်း ၁၁ ရာစုမှာ ဆောက်လုပ်ခဲ့တဲ့ Byodoin ဘုရားကျောင်းဟာ UNESCO ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်နေရာအဖြစ် အသိအမှတ်ပြုခံထားရပါတယ်။

အဲဒီဘုရားကျောင်းဟာ နှစ်တစ်နှစ်ရဲ့ အခုလို ကာလမှာ ကျောင်းပရိဝုဏ်အတွင်း ကြာပန်းအိုးတွေကို ထားရှိလေ့ရှိပါတယ်။ အခုအခါ ပန်းရောင်နဲ့ အနီရောင်ပန်းပွင့်တွေ ပါဝင်တဲ့ ပန်းအိုးပေါင်း ၅၀ လောက်ကို ပြသထားပါတယ်။

Byodoin Temple Lotus လို့ ခေါ်တဲ့ ကြာပန်းအမျိုးအစားဟာ ပြီးခဲ့တဲ့ ၂၅ နှစ်က ကျောင်းဝင်းထဲမှာ ရေကန်တူးဖော်ချိန်က တွေ့ရှိခဲ့တဲ့ မျိုးစေ့ကနေ ပေါက်လာခဲ့တာ ဖြစ်ပါတယ်။ အဲဒီအပင်အမျိုးအစားရဲ့ ပန်းပွင့်တွေဟာ အဖြူရောင်ဖြစ်ပြီး ပွင့်ဖက်က ပါးပါတယ်။ အဲဒီပန်းတွေဟာ နိုင်ငံ့ရတနာအဖြစ် သတ်မှတ်ထားတဲ့ Hou-ou-do ခန်းမရဲ့ နံရံပေါ်က ရှေးဟောင်းပန်းချီထဲက ပန်းတွေနဲ့ အင်မတန် တူပါတယ်။

ဘုန်းတော်ကြီး Kamii Monsho က ပန်းတွေကို လာကြည့်သူတွေအနေနဲ့ စိတ်အပန်းဖြေနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း ပြောပါတယ်။

အဲဒီကြာပန်းတွေကို လာမယ့် လလယ်လောက်အထိ သွားရောက်ကြည့်ရှုနိုင်ပါတယ်။