ဂျပန်တွင်း လူသိနည်းတဲ့နေရာတွေကို နိုင်ငံခြားခရီးသွားတွေ ပိုမိုသွားရောက်

စစ်တမ်းအသစ်တစ်ခုက ဂျပန်နိုင်ငံတွင်းမှာ နိုင်ငံခြားခရီးသွားတွေဟာ လူသိနည်းတဲ့နေရာတွေကိုလည်ပတ်ဖို့ အများသွားရောက်လည်ပတ်တဲ့နေရာတွေကို စွန့်ခွာနေကြတာကို ပြသနေပါတယ်။

မျှော်လင့်မထားတဲ့နေရာတွေမှာ ခရီးသွားဧည့်သည်အရေအတွက် ရုတ်တရက်မြင့်တက်လာစေဖို့ လူမှုကွန်ရက်တွေကတစ်ဆင့်ပျံ့နှံ့တဲ့ သတင်းအချက်အလက်တွေက အထောက်အကူပေးနေပါတယ်။

တိုကျိုအခြေစိုက် အိုင်တီကုမ္ပဏီ Navitime Japan ဟာ ပြည်ပကခရီးသွားတွေအတွက် ခရီးသွားအပလီကေရှင်းတစ်ခုကို တီထွင်ခဲ့ပါတယ်။ အဲဒီကုမ္ပဏီဟာ GPS တည်နေရာပြဒေတာကို အခြေခံပြီး မတ်လကနေ မေလအတွင်း ခရီးသွားတွေသွားရောက်မှု နှစ်အလိုက်တိုးနှုန်းမြင့်မားတဲ့ မြူနီစီပယ်အုပ်ချုပ်ရေးဒေသတွေကို အဆင့်သတ်မှတ်ထားပါတယ်။

တိုကျိုအနီးရှိ Kanagawa ခရိုင်က Minamiashigara မြို့ဟာ ၃၂ ဆတိုးလာပြီး ထိပ်ဆုံးမှာ ရှိခဲ့ပါတယ်။ အဲဒီဒေသက စောစောစီးစီးပွင့်တဲ့ ချယ်ရီပန်းအမျိုးအစားကိုကြည့်ဖို့ ပန်းခြံကိုလာတဲ့သူ အရေအတွက်ကြောင့် ဒီလိုဖြစ်လာခဲ့တာပါ။

Fukui ခရိုင်ရှိ Katsuyama မြို့ဟာ ၂၄ ဆတိုးလာပြီး ဒုတိယနေရာမှာ ရှိပါတယ်။ Echizen Daibutsu လို့ လူသိများတဲ့ ဧရာမဗုဒ္ဓရုပ်ပွားတော်အပါအဝင် လူကြိုက်များတဲ့ ပြည်တွင်းခရီးသွားနေရာတွေ ပါဝင်ပါတယ်။

ဂျပန်ကို ထပ်ခါလာတဲ့ ခရီးသည်တွေ တိုးလာတာကြောင့် လူသိနည်းတဲ့နေရာတွေဆီ သွားလိုတဲ့သူ ပိုများလာတယ်လို့ Navitime က ပြောပါတယ်။ လူမှုကွန်ရက်မှာ ဖော်ပြတာတွေကလည်း လာရောက်လည်ပတ်သူ အရေအတွက်ကို တိုးမြင့်လာစေတယ်လို့ ဆိုပါတယ်။