ဂါဇာကမ်းမြောင်ဒေသမှာ အစ္စရေးရဲ့ ပြင်းထန်တဲ့ တိုက်ခိုက်မှုတွေ မကြာခင် ပြီးဆုံးမယ်လို့ အစ္စရေး ဝန်ကြီးချုပ်ဆို

အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu က ဂါဇာကမ်းမြောင်ဒေသမှာ ဟားမတ်စ်ကို တိုက်ခိုက်တဲ့အဆင့်ဟာ အပြီးသတ်တော့မှာဖြစ်ပြီး လက်ဘနွန်နဲ့ မြောက်ပိုင်းနယ်စပ်တစ်လျှောက်မှာ တပ်ဖွဲ့ဝင်တွေ ပိုပြီးချထားမယ်လို့ ပြောကြားခဲ့ပါတယ်။

တနင်္ဂနွေနေ့မှာ မစ္စတာ Netanyahu က အစ္စရေး ရုပ်သံဌာနတစ်ခုနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ အဲဒီလိုမှတ်ချက်ပြုခဲ့တာ ဖြစ်ပါတယ်။

ဒီစစ်ပွဲပြီးဆုံးတော့မယ်လို့ မဆိုလိုပေမဲ့ Rafah က စစ်ပွဲရဲ့ ပြင်းထန်တဲ့အဆင့် ပြီးဆုံးတော့မယ်လို့ သူက ပြောကြားခဲ့ပါတယ်။

ပြင်းထန်တဲ့အဆင့် ပြီးဆုံးတဲ့နောက် တပ်ဖွဲ့တွေကို မြောက်ဘက်ကို ရွေ့ပြောင်းနိုင်ခြေရှိပြီး အစ္စရေးအနေနဲ့ အဲဒီလို လုပ်ဆောင်မယ်လို့ မစ္စတာ Netanyahu က ပြောကြားခဲ့ပါတယ်။

သူ့အနေနဲ့ ပထမဦးဆုံး ကာကွယ်ရေးရည်ရွယ်ချက်တွေအတွက် လုပ်ဆောင်နေပြီး ဒုတိယအနေနဲ့ အစ္စရေး နေထိုင်သူတွေကို နေရပ်ပြန်လည် ခေါ်ဆောင်နိုင်ဖို့ အဲဒီလိုအဆင့်တွေကို လုပ်ဆောင်နေတယ်လို့ ဖြည့်စွက်ပြောကြားခဲ့ပါတယ်။

အစ္စရေးတပ်ဖွဲ့တွေနဲ့ လက်ဘနွန်အခြေစိုက် ရှီအစစ်သွေးကြွအဖွဲ့ ဟစ်ဇ်ဘိုလာနဲ့အကြား တိုက်ခိုက်မှုတွေ ဆက်လက်ဖြစ်ပွားနေပါတယ်။ ဟစ်ဇ်ဘိုလာက ဟားမတ်စ်တို့နဲ့ စည်းလုံးညီညွတ်တယ်ဆိုတာကို ပြသနေပါတယ်။