ထိုင်ဝမ်ဆိပ်ကမ်းကို လှေနဲ့ ရောက်လာတဲ့ တရုတ်အမျိုးသား ဖမ်းဆီးခံရ

တိုင်ပေဘက် ဦးတည်တဲ့ မြစ်ဝရဲ့ ဆိပ်ကမ်းဆီ လှေငယ်နဲ့ ရောက်လာတဲ့ တရုတ်အမျိုးသားတစ်ဦးကို ထိုင်ဝမ်ကမ်းခြေစောင့်တပ်က ဖမ်းဆီးလိုက်ပါတယ်။

တနင်္ဂနွေနေ့ မွန်းတည့်ချိန်မတိုင်မီမှာ ထိုင်ဝမ်မြောက်ပိုင်း Tamsui ကမ်းရိုးတန်းက ၁၀ ကီလိုမီတာအကွာမှာ သံသယဖြစ်ဖွယ် လှေတစ်စင်းကို တွေ့ရှိခဲ့တယ်လို့ ကမ်းခြေစောင့်တပ်အရာရှိတွေက ပြောပါတယ်။

အဲဒီနောက် အဲဒီရေယာဉ်ဟာ မြစ်ထဲ ဝင်ရောက်ခဲ့ပြီး ကူးတို့ဆိပ်က တခြားသင်္ဘောတွေကို တိုက်မိခဲ့ပါတယ်။ အဲဒီအမျိုးသားကို နေရာမှာတင် ဖမ်းဆီးလိုက်ပါတယ်။

သူဟာ တရုတ်နိုင်ငံတောင်ပိုင်း Fujian ပြည်နယ်ကနေ အဲဒီလှေနဲ့ ရောက်လာခဲ့တာဖြစ်ကြောင်း ထိုင်ဝမ်မီဒီယာတချို့က ပြောပါတယ်။

အဲဒီလို ကျူးကျော်ဝင်ရောက်ခဲ့ရတဲ့ အကြောင်းရင်းတွေနဲ့ ပတ်သက်ပြီး အဲဒီအမျိုးသားကို စုံစမ်းစစ်ဆေးရေးအာဏာပိုင်တွေက မေးမြန်းနေပါတယ်။

သူ့ရဲ့ လှေဟာ ထိုင်ဝမ်မြောက်ပိုင်း လူနေအိမ်ရပ်ကွက်တွေထဲ စီးဆင်းဖြတ်သန်းတဲ့ မြစ်ထဲ ဝင်ရောက်ခဲ့တာဖြစ်ပြီး အဲဒီဒေသဟာ တိုင်ပေမြို့လယ်ခေါင်က သမ္မတရုံးရှိတဲ့ နေရာကနေ ကီလိုမီတာ ၂၀ သာ ဝေးပါတယ်။

အဲဒီမြစ်ဝကို လုံခြုံရေးအရ အဓိကကျတဲ့ နေရာအဖြစ် သတ်မှတ်ထားပါတယ်။