မြန်မာနိုင်ငံမှာ ဂျပန်အကူအညီနဲ့ တည်ဆောက်ခဲ့တဲ့ တံတားပြီးစီး

မြန်မာနိုင်ငံမှာ ဂျပန်နိုင်ငံရဲ့ ငွေကြေးအကူအညီနဲ့ တံတားတစ်စင်း ဆောက်လုပ်ပြီးစီးခဲ့ကြောင်း သိရပါတယ်။ ၂၀၂၁ ခုနှစ်မှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းမှာ အဲဒီစီမံကိန်းကို ဆက်လုပ်ဆောင်နေခဲ့တာကြောင့် ဝေဖန်မှုတွေ ထွက်ပေါ်ခဲ့ပါတယ်။

တံတားပြီးစီးမှု အထိမ်းအမှတ် အခမ်းအနားကို ရန်ကုန်မြို့အနီးမှာ စနေနေ့က ကျင်းပခဲ့ပါတယ်။

အဲဒီ အခမ်းအနားကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဂျပန် ဆောက်လုပ်ရေးလုပ်ငန်း တာဝန်ရှိသူတွေ တက်ရောက်ခဲ့ပါတယ်။

၄ ကီလိုမီတာ ရှည်တဲ့ အဲဒီတံတားကို ဂျပန်နိုင်ငံရဲ့ တရားဝင် ဖွံ့ဖြိုးတိုးတက်ရေး အကူအညီ အစီအစဉ်အရ ယန်းချေးငွေတွေ ထောက်ပံ့ခဲ့ပါတယ်။

၂၀၂၁ ခုနှစ်မှာ နိုင်ငံရေးအခြေအနေကြောင့် ဆောက်လုပ်ရေးနဲ့ ချေးငွေတွေ ရပ်ဆိုင်းခဲ့ပေမဲ့ နှစ်ဖက်ညှိနှိုင်းပြီးနောက် စီမံကိန်း ဆက်လုပ်ခဲ့ကြောင်း စစ်တပ်‌ခေါင်းဆောင်က ပြောပါတယ်။

အာဏာသိမ်းပြီးကတည်းက မြန်မာနိုင်ငံမှာ ဂျပန်က စီမံကိန်းသစ်တွေကို ဆိုင်းငံ့ထားခဲ့ပေမဲ့၊ အဲဒီတံတားစီမံကိန်းအတွက် ချေးငွေထောက်ပံ့မှုလုပ်ဖို့ ၂၀၁၇ ခုနှစ်မှာ နှစ်နိုင်ငံ သဘောတူထားတာကြောင့် ဆက်လက်လုပ်ဆောင်ခဲ့ပါတယ်။

ဒီမိုကရေစီအရေးနဲ့ လူ့အခွင့်အရေးအဖွဲ့တွေကတော့ ဒါဟာ စစ်တပ်အတွက် ငွေကြေးအကူအညီတွေ ပေးအပ်နေခြင်းဖြစ်တယ်လို့ ဆိုပြီး၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေမှာ ဂျပန်က သွယ်ဝိုက်တဲ့နည်းနဲ့ ပါဝင်ပတ်သက်နေကြောင်း ဝေဖန်ထားပါတယ်။