Kyushu မှာ နောက်ကျပြီး မိုးရာသီ စတင်

ဂျပန်နိုင်ငံတောင်ပိုင်း Kyushu ဒေသမှာ မိုးရာသီစတင်နေပြီလို့ ဂျပန်မိုးလေဝသတာဝန်ရှိသူတွေက စနေနေ့က ကြေညာခဲ့ပါတယ်။

စိုစွတ်ထိုင်းမှိုင်းတဲ့လေထုကြောင့် အဓိကအားဖြင့် ခါဂိုရှီမ ခရိုင်မှာ မိုးရွာသွန်းပြီး တိမ်တွေ ‌‌ဖြစ်ထွန်းခဲ့ပါတယ်။

Kagoshima မိုးလေဝသ စောင့်ကြည့်ရေးဌာနက မိုးရွာသွန်းမှုများစေတဲ့လေစီးကြောင်းကြောင့် လာမယ့် ၇ ရက်အတွင်း အများအားဖြင့် တိမ်ထူတာ၊ မိုးရွာသွန်း‌တာတွေ ဖြစ်ပေါ်မယ်လို့ ခန့်မှန်းထားပါတယ်။

Kyushu မှာ မနှစ်ကနဲ့ နှစ်စဥ်ပျမ်းမျှအနေအထားထက် ၉ ရက်နောက်ကျပြီး မိုးရာသီကို ဝင်ရောက်ခဲ့ပါတယ်။

တနင်္ဂနွေနေ့မှာ Kyushu တောင်ပိုင်း နဲ့ Amami ဒေသတွေကို အဲဒီ လေစီးကြောင်း နဲ့ လေဖိအားနည်းရပ်ဝန်းက ဖြတ်သန်းသွားနိုင်‌တယ်လို့ ခန့်မှန်းထားပါတယ်။ ပူနွေးစိုစွတ်တဲ့လေထုက အလွန်မတည်မငြိမ်တဲ့ လေထုအခြေအနေတွေကို ဖန်တီးနိုင်တယ်လို့ တွက်ဆထားပါတယ်။

လေဆင်နှာမောင်းတိုက်တာနဲ့ မိုးသည်းထန်တာတွေ အပါအဝင် မိုးကြိုးပစ်တာ၊ လေပြင်းတိုက်တာတွေကို သတိပြုဖို့ တာဝန်ရှိသူတွေက တိုက်တွန်းထားပါတယ်။