တိုကျိုမြို့အနီးက မြို့အုပ်ချုပ်ရေးရုံးမှာ စက်ရုပ်အလုပ်သမားတွေကို စတင် အသုံးပြု

တိုကျိုမြို့အနီးက ဒေသန္တရအုပ်ချုပ်ရေးရုံး တစ်ရုံးဟာ စက်ရုပ်တွေကို အသုံးပြုတဲ့ နိုင်ငံရဲ့ပထမဦးဆုံး မြို့တော်ခန်းမအဖြစ်နဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်နိုင်ဖို့ မျှော်လင့်နေပါတယ်။

"စက်ရုပ်ဝန်ထမ်းတွေ" ကို စတင်အသုံးပြုမယ်လို့ Sagamihara မြို့ က ကြေညာခဲ့ပါတယ်။

လုပ်ငန်းတွေချောမွေ့စေဖို့အတွက် ပြည်တွင်းကုမ္ပဏီတစ်ခုက စက်တွေကို လှူဒါန်းခဲ့ပါတယ်။ အစပိုင်းမှာ စာရွက်တွေသယ်တာနဲ့ လက်ဖက်ရည် သယ်တာလိုမျိုး ရိုးရှင်းတဲ့အလုပ်တွေကို အဲဒီစက်တွေကို လုပ်ခိုင်းမှာ ဖြစ်ပါတယ်။

Sagamihara မြို့ဟာ စားသောက်ဆိုင်တွေမှာ စားသုံးသူတွေကို ဝန်ဆောင်မှုပေးတဲ့စက်တွေလိုမျိုး စက်ကိရိယာအမျိုးမျိုးကို တီထွင်ထုတ်လုပ်နေတဲ့ စက်ရုပ်ကုမ္ပဏီအများအပြားရှိတဲ့မြို့ ဖြစ်ပါတယ်။

Sagamihara မြို့ဝန် Motomura Kentaro က "ဒီစက်ရုပ်တွေက ဝန်ထမ်းတွေရဲ့ ဝန်ထုပ်ဝန်ပိုးကို သက်သာစေဖို့ ကူညီပေးမယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်" လို့ ‌ဆိုပါတယ်။

မြို့အုပ်ချုပ်ရေးရုံးကတာဝန်ရှိသူတွေက နောက်ဆုံးမှာ စက်ရုပ်တွေကို ဧည့်သည်တွေ အဆောက်အအုံထဲကိုဝင်လာတဲ့အခါ လမ်းညွှန်မှုပေးတာလိုမျိုး ဝန်ဆောင်မှုအမျိုးမျိုးအတွက် အသုံးပြုနိုင်ဖို့ ဆန္ဒရှိနေကြပါတယ်။