Yamaha Motor ကို သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာန စစ်ဆေးမှု‌စတင်

ဂျပန်နိုင်ငံအလယ်ပိုင်းက Yamaha Motor ရဲ့ရုံးချုပ်ကို အစိုးရအရာရှိတွေ ကွင်းဆင်းစစ်ဆေးမှု ပြုလုပ်နေပါတယ်။

မော်တော်ဆိုင်ကယ်ထုတ်လုပ်တဲ့အဲဒီကုမ္ပဏီနဲ့ Toyota Motor အပါအဝင် တခြားဂျပန်မော်တော်ယာဉ်ထုတ်လုပ်တဲ့ ကုမ္ပဏီ ၄ ခုတို့ဟာ သူတို့ထုတ်ကုန်တွေအတွက် အသိအမှတ်ပြုလက်မှတ်တွေ ရရှိဖို့ စွမ်းဆောင်ရည်စစ်ဆေးမှုတွေကို မမှန်မကန် ပြုလုပ်ခဲ့တယ်ဆိုတဲ့ သတင်းတွေ အခုသီတင်းပတ်အစောပိုင်းမှာ ထွက်ပေါ်လာခဲ့အပြီး အခုလို လုပ်ဆောင်မှု ဖြစ်လာတာပါ။

သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနရဲ့ စစ်ဆေးရေးမှူးတွေဟာ ဗုဒ္ဓဟူးနေ့မှာ ရှီဇုအိုက ခရိုင်မှာရှိတဲ့ Yamaha ရုံးချုပ်ကို ဝင်ရောက်စစ်ဆေးခဲ့ပါတယ်။

သူတို့ဟာ စမ်းသပ်မှုအချက်အလက်မှတ်တမ်းတွေကို စစ်ဆေးနေပြီး အမှုဆောင်အရာရှိတွေအပြင် တာဝန်ခံဝန်ထမ်းတွေကိုလည်း မေးမြန်းမှုတွေ ပြုလုပ်နေပါတယ်။

Yamaha ကုမ္ပဏီဟာ လက်ရှိထုတ်လုပ်နေတဲ့ မော်တော်ဆိုင်ကယ်အမျိုးအစားတစ်ခုမှာ ဆူညံသံစစ်ဆေးမှုကို မမှန်မကန်လုပ်ဆောင်ခဲ့တယ်ဆိုတာကို အတည်ပြုထားပါတယ်။ ကုမ္ပဏီက အဲဒီအမျိုးအစားတွေ တင်ပို့ရောင်းချမှုကို ရပ်ဆိုင်းထားပါတယ်။

Yamaha က အရင်ကထုတ်လုပ်တဲ့ တခြားဆိုင်ကယ်အမျိုးအစား ၂ ခုမှာလည်း မမှန်မကန်မှုတွေ လုပ်ထားတာ တွေ့ရှိခဲ့ရပါတယ်။

အဲဒီဝန်ကြီးဌာနက Toyota ရုံးချုပ်မှာ ကွင်းဆင်းစစ်ဆေးမှုကို အင်္ဂါနေ့က စတင်ခဲ့ပါတယ်။