ဂျပန့် နန်းစွန့်မိဖုရားကြီး ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရ

ဂျပန် နန်းစွန့်မိဖုရားကြီး Michiko ဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရတယ်လို့ ဂျပန် နန်းတွင်းအေဂျင်စီက ပြောပါတယ်။

နန်းစွန့်မိဖုရားကြီးဟာ တနင်္ဂနွေနေ့ မနက်အစောပိုင်းကစလို့ ချောင်းဆိုးခဲ့ပြီး တနင်္လာနေ့မနက်ကစပြီး လည်ချောင်း မအီမသာဖြစ်ခဲ့တယ်လို့ အဲဒီအေဂျင်စီက ပြောပါတယ်။

နန်းစွန့်မိဖုရားကြီးဟာ PCR စမ်းသပ်မှု ခံယူခဲ့ပြီး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတာကို အတည်ပြုနိုင်ခဲ့ပါတယ်။ သူဟာ တိုကျိုက စံအိမ်မှာရှိနေပြီး သက်သာလာနေပြီဖြစ်တယ်လို့ အဲဒီအေဂျင်စီက မှတ်ချက်ပြုခဲ့ပါတယ်။

နန်းစွန့်ဘုရင်ကြီးမှာတော့ အဲဒီဗိုင်းရပ်စ် မတွေ့ရကြောင်းစစ်ဆေးတွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

နန်းစွန့်ဘုရင်ကြီးတို့ ဇနီးမောင်နှံဟာ တိုကျိုမြို့မြောက်ဘက် တိုချိဂီ ခရိုင်က Nikko အရပ်ကို ပြီးခဲ့တဲ့သီတင်းပတ် အင်္ဂါနေ့ကနေ ၄ ရက်ကြာ သွားရောက်ခဲ့ပြီး သောကြာနေ့မှာ တိုကျိုကို ပြန်လည်ရောက်ရှိခဲ့ကြတာ ဖြစ်ပါတယ်။