ဇွန်လမှာ စားသောက်ကုန်အမျိုးအစား ၆၀၀ ကျော် ဈေးနှုန်းတက်မယ်

အခြေအနေတွေဟာ မနှစ်ကထက် တိုးတက်ကောင်းမွန်လာခဲ့ပေမဲ့ ဂျပန်မှာ အစားအသောက်တွေအတွက် ကုန်ကျစရိတ်ဟာ အခုလမှာလည်း ဆက်ပြီးမြင့်တက်နေဦးမှာ ဖြစ်ပါတယ်။ အဓိကအချက်နှစ်ချက်ကတော့ ပစ္စည်းအတွက် ကုန်ကျစရိတ်ပိုပြီး မြင့်တက်လာတာနဲ့ ယန်းငွေတန်ဖိုးအားနည်းသွားလို့ ဖြစ်ပါတယ်။

Teikoku Databank ရဲ့ အဓိကအစားအသောက်နဲ့ အဖျော်ယာမကာထုတ်လုပ်တဲ့ ကုမ္ပဏီ ၁၉၅ ခုကို လေ့လာသုံးသပ်မှုမှာ ပစ္စည်းအမျိုးအစားပေါင်း ၆၀၀ ကျော်အတွက် ဈေးနှုန်းတွေမြင့်တက်မယ်ဆိုတာ ပြသနေပါတယ်။ ဒါဟာ လွန်ခဲ့တဲ့ ၁ နှစ်ကထက် နည်းပါတယ်။

သက်ရောက်မှုရှိတဲ့ ပစ္စည်းအမျိုးအစားတွေရဲ့ ၅၀ ရာခိုင်နှုန်းကျော်ဟာ အထွက်နှုန်းလျော့ကျမှုရှိခဲ့တဲ့ ပင်လယ်ရေမှော်လိုမျိုး ပြုပြင်စီမံထားတဲ့ အစားအစာတွေဖြစ်ပါတယ်။

ကာကာအိုဈေးနှုန်းမြင့်တက်လာတဲ့အတွက် မုန့်အချိုနဲ့ သွားရည်စာတွေရဲ့ ဈေးနှုန်းတွေလည်း တက်လာခဲ့ပါတယ်။

အခုနှစ်ရဲ့ ပထမ ၁၀ လမှာ ကုန်ပစ္စည်းအမျိုးအစား ၈၀၀ ကျော်အတွက် ဈေးနှုန်းမြှင့်တင်ဖို့ သတ်မှတ်ထားပါတယ်။ ယန်းငွေတန်ဖိုးကျဆင်းတာက အဓိကအချက်ဖြစ်ပါတယ်။

ယန်းငွေတန်ဖိုးဟာ လက်ရှိအဆင့်မှာ ဆက်ပြီးရှိနေဦးမယ်ဆိုရင် မရှိမဖြစ်လိုအပ်တဲ့ ပစ္စည်းတွေရဲ့ ဈေးနှုန်းတွေဟာ ဆက်ပြီးတက်ဖွယ်ရာရှိတယ်ဆိုတာကို အဲဒီလေ့လာချက်စစ်တမ်းမှာ အရိပ်အမြွက်ပြသနေပါတယ်။