ဂျပန် အမျိုးသမီး ဂေါက်သီးအားကစားသမား Saso Yuka ဟာ US Women's Open ချန်ပီယံဆု ဒုတိယအကြိမ် ရရှိ

ဂျပန် အမျိုသမီး ဂေါက်သီးအားကစားသမား Saso Yuka ဟာ Pennsylvania မှာ ကျင်းပခဲ့တဲ့ US Women's Open ပြိုင်ပွဲမှာ တနင်္ဂနွေနေ့က အနိုင်ရခဲ့ပြီး နိုင်ငံရပ်ခြားက အဓိက ဂေါက်သီး ချန်ပီယံဆု နှစ်ကြိမ်ရရှိတဲ့ ပထမဆုံး ဂျပန်လူမျိုး ဖြစ်လာခဲ့ပါတယ်။ အဲဒီပြိုင်ပွဲမှာ ဂျပန်က Shibuno Hinako က ဒုတိယ ရခဲ့ပါတယ်။

ဒီဆုဟာ မီးစ် Saso ရဲ့ ဒုတိယမြောက် မေဂျာအဆင့်ဆု ဖြစ်ပါတယ်။ သူ့ရဲ့ ပထမဆုံး US Women's Open ချန်ပီယံဆုကို ၂၀၂၁ ခုနှစ်မှာ ရရှိခဲ့ပါတယ်။

Saso ဟာ ဂျပန်ဖခင်နဲ့ ဖိလစ်ပိုင်မိခင်တွေက မွေးဖွားခဲ့သူ ဖြစ်ပါတယ်။ သူဟာ ၂၀၂၁ ခုနှစ် တိုကျိုအိုလံပစ်မှာ ဖိလစ်ပိုင်နိုင်ငံ ကိုယ်စားပြု ကစားခဲ့ပေမဲ့ နောက်ပိုင်းမှာ ဂျပန် နိုင်ငံသားအဖြစ်ကို ရွေးချယ်ခဲ့ပါတယ်။