မဂ္ဂနီကျုဒ် ၆.၀ ရှိ ငလျင်လှုပ်ပြီးနောက် နျူကလီးယားစွမ်းအင်သုံးဓာတ်အားပေးစက်ရုံ ၂ ရုံမှာ မူမမှန်မှုဖြစ်တာ မရှိလို့သိရ

တနင်္လာနေ့မနက်မှာ ငလျင်လှုပ်ခဲ့ပြီးတဲ့နောက် ဂျပန်ပင်လယ်ကမ်းရိုးတန်းတလျှောက်မှာရှိတဲ့ နျူကလီးယားစွမ်းအင်သုံးဓာတ်အားပေးစက်ရုံ ၂ ရုံမှာ မူမမှန်တာတွေဖြစ်ပေါ်တယ်ဆိုတဲ့ အစီရင်ခံချက်တွေ မရှိဘူးလို့ ဂျပန်နျူကလီးယားကြီးကြပ်ရေးအာဏာပိုင်အဖွဲ့က ပြောပါတယ်။

သုညကနေ ၇ အထိရှိတဲ့ ဂျပန်ရဲ့ငလျင်တိုင်းတာရေးစနစ်အရ နီးအိဂါ့တာ့ခရိုင်ရှိ Kashiwazaki-Kariwa နျူကလီးယားစွမ်းအင်သုံးဓာတ်အားပေးစက်ရုံမှာ ပြင်းအား ၄ ရှိတဲ့ လှုပ်ခတ်မှုဖြစ်ခဲ့တယ်လို့ သိရပါတယ်။

အိရှိခါဝါ့ခရိုင်မှာရှိတဲ့ Shika နျူကလီးယားစွမ်းအင်သုံးဓာတ်အားပေးစက်ရုံမှာ ပြင်းအား ၃ ရှိတဲ့ လှုပ်ခတ်မှုရှိခဲ့ပါတယ်။

စက်ရုံတွေမှာ ဓာတ်ရောင်ခြည်ပမာဏဟာ အပြောင်းအလဲမရှိဘူးလို့ အာဏာပိုင်တွေက ပြောပါတယ်။

အဲဒီစက်ရုံနှစ်ရုံမှာရှိတဲ့ ဓာတ်ပေါင်းဖိုအားလုံးဟာ အချိန်အတော်ကြာကတည်းက ရပ်တန့်ထားခဲ့တာ ဖြစ်ပါတယ်။