အမေရိကန်ဒေါ်လာ သန်း ၃၀၀ ကျော်တန်ဖိုး တရားမဝင်ထုတ်ယူမှုကို DMM Bitcoin ကုမ္ပဏီ တွေ့ရှိ

Bitcoin စုစုပေါင်းတန်ဖိုး ယန်း ၄၈ ဘီလီယံ တစ်နည်းအားဖြင့် အမေရိကန်ဒေါ်လာ သန်း ၃၀၀ ကျော် တရားမဝင် ထုတ်ယူမှုတစ်ခုနဲ့ ပတ်သက်ပြီး ဂျပန်က crypto ငွေကြေးလဲလှယ်မှု ကုမ္ပဏီ DMM Bitcoin တာဝန်ရှိသူတွေက အစီရင်ခံခဲ့ပါတယ်။

သောကြာနေ့ မွန်းလွဲ ၁ နာရီခွဲဝန်းကျင်လောက်မှာ ဒီပြဿနာကို တွေ့ရှိခဲ့တာလို့ အဲဒီကုမ္ပဏီက ပြောပါတယ်။

အဲဒီတာဝန်ရှိသူတွေက စုံစမ်းစစ်ဆေးမှုတွေလုပ်နေပြီး ငွေလွှဲမှုတွေနဲ့ အကောင့်အသစ်ဖွင့်မှုအတည်ပြုလုပ်ငန်းစဉ်တွေအပါအဝင် ဝန်ဆောင်မှုတချို့ကို ဆိုင်းငံ့ထားတယ်လို့ ပြောပါတယ်။

အခိုးခံရတဲ့ Bitcoin တွေအတွက် အပြည့်အဝ အာမခံပေးမယ်လို့လည်း တာဝန်ရှိသူတွေက ပြောပါတယ်။

အစိုးရ ငွေကြေးဝန်ဆောင်မှုအေဂျင်စီက အဲဒီကုမ္ပဏီကို အခုလိုဖြစ်ပွားရတဲ့အကြောင်းရင်းကို အစီရင်ခံစာတင်ပြဖို့ အမိန့်ပေးထားပါတယ်။ DMM Bitcoin ကုမ္ပဏီက သူ့ရဲ့ဖောက်သည်‌တွေကို တောင်းပန်ခဲ့ပါတယ်။