အာရှလုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးဖို့ Shangri-La Dialogue ကို ဖွင့်လှစ်

အဓိက အာရှလုံခြုံရေးဆိုင်ရာ ဆွေးနွေးပွဲတစ်ခုကို စင်ကာပူမှာ ဖွင့်လှစ်လိုက်ပါတယ်။ Shangri-La Dialogue ကို အာရှ၊ အမေရိကန်ပြည်ထောင်စုနဲ့ ဥရောပတို့က ထိပ်တန်း ကာကွယ်ရေး အရာရှိတွေ တက်ရောက်နေပါတယ်။

အမေရိကန် ကာကွယ်ရေးဝန်ကြီး Lloyd Austin၊ တရုတ်ကာကွယ်ရေးဝန်ကြီး Dong Jun နဲ့ ဂျပန်ကာကွယ်ရေးဝန်ကြီး Kihara Minoru တို့ တက်ရောက်ကြပါတယ်။

၃ ရက်ကြာမယ့် အဲဲဒီဆွေးနွေးမှုတွေအတွင်း ကာကွယ်ရေး အရာရှိတွေဟာ ထိုင်ဝမ်အရေး၊ တောင်တရုတ်ပင်လယ်အရေး၊ မြောက်ကိုရီးယားအရေးနဲ့ တခြား ဒေသန္တရလုံခြုံရေးဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးကြမယ်လို့ မျှော်လင့်ရပါတယ်။ ယူကရိန်းက အခြေအနေနဲ့ ပတ်သက်ပြီးလည်း ဆွေးနွေးဖို့ အဲဒီဆွေးနွးပွဲရဲ့ အစီအစဉ်မှာ ပါဝင်နိုင်ခြေ ရှိပါတယ်။

ဆွေးနွေးပွဲတွေထဲက တစ်ခုမှာ တောင်တရုတ်ပင်လယ်နဲ့ တခြားရေပြင်တွေက ကမ်းခြေစောင့်တပ်ဖွဲ့တွေရဲ့ ပူးပေါင်းဆောင်ရွက်မှုကို အဓိကထား ဆွေးနွေးမှာ ဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုနဲ့ ဖိလစ်ပိုင်က ကမ်းခြေစောင့်တပ်တွေနဲ့အတူ ဂျပန်ကမ်းခြေစောင့်တပ်က ပထမဆုံးအကြိမ် အဲဒီဆွေးနွေးပွဲတွေကို တက်ရောက်မှာ ဖြစ်ပါတယ်။