ဂျပန်ရဲတိုက်တွေထဲမှာ Matsumoto ရဲတိုက်က Instagram followers အရေအတွက် ထိပ်ဆုံးမှာ ‌ရှိနေ

ဂျပန်နိုင်ငံထဲက တခြားအဓိကရဲတိုက်တွေကို ကျော်လွန်ပြီး နိုင်ငံ့အလယ်ပိုင်း Nagano ခရိုင်က Matsumoto ရဲတိုက်ဟာ Instagram Follower အရေအတွက် ထိပ်ဆုံးကို ရောက်ခဲ့ပါတယ်။

Matsumoto မြို့ တာဝန်ရှိသူတွေရဲ့ ပြောကြားချက်အရ ရဲတိုက်ရဲ့ Instagram အကောင့် follower အရေအတွက်ဟာ အင်္ဂါနေ့မှာ ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းက Kumamoto ရဲတိုက်ကို ကျော်လွန်သွားခဲ့ကြောင်း သိရပါတယ်။

သောကြာနေ့ မွန်းတည့်ချိန်အထိ Matsumoto ရဲတိုက်ရဲ့ follower အရေအတွက်ဟာ ၂၈,၉၀၆ ဦးရှိပြီး အနီးဆုံးပြိုင်ဘက် ရဲတိုက်ထက် ၅၈၄ ဦး ပိုများခဲ့ပါတယ်။

လွန်ခဲ့တဲ့နှစ်ပေါင်း ၄၀၀ ကျော်က တည်ဆောက်ခဲ့တဲ့ Matsumoto ရဲတိုက်ဟာ န‌က်မှောင်နေတဲ့ အပြင်ပိုင်းအရောင်ကြောင့် လူသိများပြီး နိုင်ငံ့ရတနာအဖြစ် သတ်မှတ်ခြင်းခံထားရပါတယ်။

မြို့ဝန်ထမ်း ၃ ဦးက ၂၀၂၁ ခုနှစ်က ဖွင့်လှစ်ခဲ့တဲ့ ရဲတိုက်ရဲ့ Instagram အကောင့်ကို တာဝန်ယူထားပါတယ်။ သူတို့က ရာသီ ၄ မျိုးနဲ့ ပွဲလမ်းတွေအလိုက် ရဲတိုက်ရဲ့ ဓာတ်ပုံတွေကို တင်ပေးကြပါတယ်။

ဒီရဲတိုက်ရဲ့အကောင့်မှာ တင်ထားတဲ့ ဓာတ်ပုံ ၆၀၀ လောက်ထဲမှာ နှင်းဖုံးနေတဲ့ ရဲတိုက်ရဲ့ ဓာတ်ပုံတစ်ပုံက နှစ်သက်အားပေးမှု ၇၈,၀၀၀ ကျော် ရရှိထားပါတယ်။

Matsumoto မြို့က ပြည်တွင်းကိုလာတဲ့ ခရီးသွားဧည့်သည်တွေကို ဆွဲဆောင်ဖို့လုပ်နေပါတယ်။ မတ်လမှာကုန်ဆုံးတဲ့ ပြီးခဲ့တဲ့ဘဏ္ဍာရေးနှစ်မှာ နိုင်ငံရပ်ခြား ခရီးသွားဧည့်သည် ၁၆၀,၀၀၀ လောက် စံချိန်တင် လာရောက်ခဲ့ပါတယ်။