Nikkei 225 စတော့ရှယ်ယာအညွှန်းကိန်း ထိုးကျပြီး ၁၀ နှစ်သက်တမ်း ဂျပန်အစိုးရ ငွေချေးစာချုပ်အတိုးနှုန်း မြင့်တက်

နယူးယောက်မှာ စတော့ရှယ်ယာဈေးတွေ ကျဆင်းခဲ့တဲ့နောက် ကြာသပတေးနေ့မှာ တိုကျိုစတော့ရှယ်ယာဈေးကွက်ရဲ့ အဓိကအညွှန်းကိန်းဟာ သိသိသာသာ ကျဆင်းခဲ့ပါတယ်။ အမေရိကန် ကာလရှည်အတိုးနှုန်းတွေ မြင့်တက်လာတာကြောင့် ရင်းနှီးမြှုပ်နှံသူတွေက အမေရိကန်စီးပွားရေးရဲ့ အလားအလာကို စိုးရိမ်နေကြပါတယ်။

Nikkei 225 အညွှန်းကိန်းဟာ ဗုဒ္ဓဟူးနေ့ကထက် ၅၀၂ မှတ် တစ်နည်းအားဖြင့် ၁.၃ ရာခိုင်နှုန်း ကျဆင်းပြီး ၃၈,၀၅၄ မှတ်နဲ့ ဈေးပိတ်သွားခဲ့ပါတယ်။

အထူးသဖြင့် တစ်ပိုင်းလျှပ်ကူးပစ္စည်းတွေနဲ့ တခြား အဆင့်မြင့်နည်းပညာဆိုင်ရာ အစုရှယ်ယာတွေကို စျေးကွက်မှာအရောင်းအဝယ်လုပ်နေသူ အများအပြားက ရောင်းထုတ်ခဲ့တယ်လို့ လေ့လာသူတွေက ဆိုပါတယ်။ ဒါကြောင့် အညွှန်းကိန်းဟာ တစ်ချိန်မှာ ၉၀၀ မှတ်ကျော် တစ်နည်းအားဖြင့် ၂ ရာခိုင်နှုန်းကျော် ကျဆင်းခဲ့ပါတယ်။

ဒီအတောအတွင်း ၁၀ နှစ်သက်တမ်း ဂျပန်အစိုးရငွေချေးစာချုပ်ရဲ့ အကျိုးအမြတ်နှုန်းဟာ ကြာသပတေးနေ့မှာ အခိုက်အတန့်အားဖြင့် ၁.၁ ရာခိုင်နှုန်းအထိ တိုးလာခဲ့ပါတယ်။

ငွေချေးစာချုပ် အကျိုးအမြတ်နှုန်း အဓိကအညွှန်းကိန်းဟာ ၂၀၁၁ ခုနှစ် ဇူလိုင်လနောက်ပိုင်း အမြင့်ဆုံးအဆင့်ကို ရောက်ရှိသွားခဲ့ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်က ၁၁ နှစ်တာကာလအတွင်း ပထမဆုံးအကြိမ် ၁ ရာခိုင်နှုန်းကို ရောက်ခဲ့ပြီးနောက် အဲဒီအဆင့်ဝန်းကျင်မှာ ဆက်ရှိနေခဲ့ပါတယ်။

အစိုးရငွေချေးစာချုပ်တွေရဲ့ တန်ဖိုးကျတဲ့အခါ အကျိုးအမြတ်နှုန်း တက်လာပါတယ်။