ဂျပန်နိုင်ငံမှာ ၂၀၄၀ ပြည့်နှစ် မတိုင်ခင် 'perovskite' ဆိုလာပြားတွေကို စတင်သုံးစွဲဖို့ ရည်မှန်း

နည်းပညာဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ကမ္ဘာတဝန်းပြိုင်ဆိုင်မှုတွေ ပြင်းထန်လာတဲ့အကြား ဂျပန်နိုင်ငံမှာ လာမယ့် ၂၀၄၀ ဘဏ္ဍာရေးနှစ် မတိုင်ခင် မျိုးဆက်သစ် perovskite ဆိုလာပြားတွေကို စတင်သုံးစွဲဖို့ စက်မှုဝန်ကြီးဌာနက ရည်မှန်းချက်ချမှာ ဖြစ်ပါတယ်။

ဆိုလာပြားထုတ်လုပ်သူတွေ အပါအဝင် အစိုးရနဲ့ ပုဂ္ဂလိကကဏ္ဍတွေကလူတွေ ပါဝင်တဲ့ အကြံပေးကောင်စီတစ်ခုဟာ အဲဒီရည်မှန်းချက် အောင်မြင်ရေးအတွက် လမ်းပြမြေပုံတစ်ခုရေးဆွဲဖို့ သူ့ရဲ့ပထမဆုံးအကြိမ် အစည်းအဝေးကို ဗုဒ္ဓဟူးနေ့က ပြုလုပ်ခဲ့ပါတယ်။

ဆောင်းဦးရာသီ နောက်ဆုံးထားပြီး အစိုးရက မဟာဗျူဟာ ရေးဆွဲနိုင်ရေး ကူညီဖို့ အမြောက်အမြားထုတ်လုပ်ရေးစနစ်တည်ဆောက်ရေးနဲ့ ထုတ်လုပ်မှုကုန်ကျစရိတ် လျှော့ချရေး နည်းလမ်းတွေကို ဆွေးနွေးဖို့ အဲဒီကော်မရှင်က စီစဉ်ထားပါတယ်။

Perovskite ဆိုလာပြားတွေကို ပြည်တွင်းမှာ ရရှိနိုင်တဲ့ အိုင်အိုဒင်းဓာတ်ပေါင်းတွေနဲ့ ပြုလုပ်ထားတဲ့အတွက် ဒါတွေဟာ ဂျပန်နိုင်ငံနဲ့ အလွန်သင့်တော််တယ်လို့ ယူဆထားကြပါတယ်။

အဲဒီဆိုလာပြားတွေဟာ ပေါ့ပါးပျော့ပျောင်းပြီး အဆောက်အအုံနံရံတွေမှာ တပ်ဆင်နိုင်တာကြောင့် နေရာလွတ် သိပ်မရှိတဲ့ အနေအထားအတွက် အားသာချက်ရှိပါတယ်။