Asahi Kasei က ဆွီဒင်ဆေးဝါးကုမ္ပဏီကို ဝယ်ယူမယ်

ဂျပန်ဓာတုပစ္စည်းကုမ္ပဏီကြီး Asahi Kasei ဟာ သူ့ရဲ့ ဆေးဝါးလုပ်ငန်းကို မြှင့်တင်ရေး ကြိုးပမ်းမှုတွေရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ဆွီဒင်ဆေးဝါးကုမ္ပဏီ Calliditas Therapeutics ကို ဝယ်ယူမှာဖြစ်တယ်လို့ ကြေညာခဲ့ပါတယ်။

Asahi Kasei က သူတို့ကုမ္ပဏီတွေဟာ တင်ဒါကမ်းလှမ်းမှု လက်ခံတဲ့ကာလကို ဇူလိုင်လမှာ စတင်မှာ ဖြစ်တယ်လို့ အင်္ဂါနေ့မှာ ပြောခဲ့ပါတယ်။

အဲဒီကုမ္ပဏီက Calliditas အတွက် ကမ်းလှမ်းမှုဟာ အမေရိကန်ဒေါ်လာ တစ်ဘီလီယံကျော် ရှိတယ်လို့ ပြောပါတယ်။ အဲဒီဆွီဒင်ကုမ္ပဏီဟာ ကျောက်ကပ်ရောဂါ ကုသတဲ့ ဆေးလိုမျိုး ဆေးဝါးတွေကို တီထွင်ထုတ်လုပ်ပြီး အမေရိကန်ဈေးကွက်မှာ အသာစီးရနေပါတယ်။

Asahi Kasei ဟာ အမေရိကန်မှာ လုပ်ငန်းချဲ့ထွင်ဖို့အတွက် ၂၀၂၀ ပြည့်နှစ်က အမေရိကန်ဆေးဝါးကုမ္ပဏီတစ်ခုကို ဝယ်ယူခဲ့ပြီး ဖြစ်ပါတယ်။

Asahi Kasei ရဲ့ ဥက္ကဋ္ဌ Kudo Koshiro က ကျန်းမာရေးစောင့်ရှောက်မှုဟာ တိုးတက်မှုအများဆုံး ရှိတဲ့ ကဏ္ဍတစ်ခု ဖြစ်လာမယ်လို့ သူ မျှော်လင့်ထားကြောင်း ပြောပါတယ်။

တရုတ်ပြိုင်ဘက်ကုမ္ပဏီတွေက ကုန်ပစ္စည်းတွေကို ပိုလျှံစွာ ထုတ်လုပ်နေတဲ့အကြား စျေးကွက်အခြေအနေတွေ ဆက်တိုက်ဆိုးရွားလာနေတာကြောင့် ရေနံဓာတုဗေဒလုပ်ငန်းကို အတိုင်းအတာလျှော့ချမှာ ဖြစ်တယ်လို့ အဲဒီဂျပန်ကုမ္ပဏီက အစောပိုင်းမှာ ပြောကြားခဲ့ပါတယ်။