ဂျပန်၊ တရုတ်၊ တောင်ကိုရီးယား ခေါင်းဆောင်တွေ ပူးတွဲသတင်းစာရှင်းလင်းပွဲ ပြုလုပ်

ဂျပန်၊ တရုတ်နဲ့ တောင်ကိုရီးယား ခေါင်းဆောင်တွေဟာ ဆိုးလ်မြို့မှာ ဆွေးနွေးပွဲပြုလုပ်ခဲ့ကြပါတယ်။ လေးနှစ်ခွဲအတွင်း သုံးပွင့်ဆိုင်ထိပ်သီးဆွေးနွေးပွဲကျင်းပတာဖြစ်လို့ ဒါဟာ သုံးနိုင်ငံအတွက် ပထမဆုံးအကြိမ် ဖြစ်ပါတယ်။

ဂျပန်ဝန်ကြီးချုပ် Kishida Fumio၊ တရုတ်ဝန်ကြီးချုပ် Li Qiang နှင့် တောင်ကိုရီးယားသမ္မတ Yoon Suk-yeol တို့ဟာ တနင်္လာနေ့ မနက်ပိုင်းမှာ တွေ့ဆုံခဲ့ကြပါတယ်။

ဂြိုဟ်တုတစ်လုံးမကြာမီလွှတ်တင်မယ်ဆိုတဲ့ မြောက်ကိုရီးယားအစိုးရကအသိပေးချက် ထုတ်ပြန်ပြီးနောက် ခေါင်းဆောင်သုံးဦးဟာ မြောက်ကိုရီးယားရဲ့ အစီအစဉ်ကို ဆွေးနွေးခဲ့ကြသည်။

သူတို့ရဲ့ ဆွေးနွေးပွဲအပြီး အကျဉ်းချုပ် ပူးတွဲကြေညာချက်ကို ထုတ်ပြန်ခဲ့ပါတယ်။

အစည်းအဝေးပြီးတဲ့နောက် မြောက်ကိုရီးယားရဲ့ ဂြိုလ်တုလို့ခေါ်တဲ့အရာကို လွှတ်တင်မယ့် အစီအစဉ်ဟာ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်တွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်တာဖြစ်တယ်ဆိုတာနဲ့ ကမ္ဘာ့အသိုက်အဝန်းအနေနဲ့ အဲဒါကို ပြတ်ပြတ်သားသား တုံ့ပြန်ရမယ်လို့ တောင်ကိုရီးယားသမ္မတ Yoon က ပြောခဲ့ပါတယ်။

သူတို့ရဲ့ ပူးတွဲကြေညာချက်မှာ ဒေသတွင်းငြိမ်းချမ်းရေးနှင့် သာယာဝပြောရေးအတွက် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားဖို့ သုံးနိုင်ငံက သန္နိဋ္ဌာန်ချထားတာ ပါ၀င်တယ်လို့ မစ္စတာ Yoon က ပြောခဲ့ပါတယ်။