သံတမန်ဆက်ဆံရေး ၁၂၅ နှစ်မြောက် အထိမ်းအမှတ်အဖြစ် ဂရိနိုင်ငံကို ဂျပန် တော်ဝင်မင်းသမီး Kako ထွက်ခွာ

ဂျပန် တော်ဝင်မင်းသမီး Kako ဟာ နှစ်နိုင်ငံကြား သံတမန်ဆက်ဆံရေး ၁၂၅ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဂရိနိုင်ငံကို ခရီးထွက်ခွာသွားခဲ့ပါတယ်။ သူဟာ အိမ်ရှေ့မင်းသား Akishino နဲ့ ကြင်ယာတော်တို့ရဲ့ ဒုတိယမြောက် သမီးတော်ဖြစ်ပါတယ်။

မင်းသမီးဟာ စနေနေ့က ဂျပန်နိုင်ငံ တိုကျိုမြို့ Haneda လေဆိပ်ကနေ ထွက်ခွာသွားပါတယ်။ ဒါဟာ သူ့ရဲ့ တတိယမြောက် တရားဝင်ပြည်ပခရီးစဉ်လည်း ဖြစ်ပါတယ်။

၂၀၂၄ ခုနှစ်ကို "ဂျပန်နဲ့ဂရိကြား ယဉ်ကျေးမှုနဲ့ ခရီးသွားလာရေးနှစ်" အဖြစ် နှစ်နိုင်ငံက ကြေငြာခဲ့ပါတယ်။ လာမည့်လမှာလည်း နှစ်နိုင်ငံဆက်ဆံရေး ထူထောင်တာ ၁၂၅ နှစ် ပြည့်မြောက်မှာ ဖြစ်ပါတယ်။

မင်းသမီး Kako ဟာ ဂရိမြို့တော် အေသင်မှာ အထိမ်းအမှတ် အခမ်းအနားနဲ့ ဧည့်ခံကြိုဆိုတဲ့ နေ့လယ်စာစားပွဲတွေကို တက်ရောက်မှာ ဖြစ်ပါတယ်။ သူဟာ သမ္မတ Katerina Sakellaropoulou ကိုလည်း သွားရောက်တွေ့ဆုံမှာ ဖြစ်ပါတယ်။

ဒါအပြင် ကမ္ဘာ့အမွေအနှစ်နေရာဖြစ်တဲ့ Acropolis က Parthenon နတ်ဘုရားကျောင်းကို သွားရောက်မှာဖြစ်ပြီး နံရံဆေးရေးပန်းချီတွေ ပြန်လည်ထိန်းသိမ်းဖို့ ဂျပန်နိုင်ငံကကူညီပေးခဲ့တဲ့ အနီးနားကျွန်းတစ်ကျွန်းက ဘုန်းတော်ကြီးကျောင်းကိုလည်း သွားရောက်မှာဖြစ်ပါတယ်။

မင်းသမီး Kako ဟာ ဇွန်လ ၁ ရက်နေ့မှာ ဂျပန်နိုင်ငံကို ပြန်လည်ရောက်ရှိမှာ ဖြစ်ပါတယ်။