Mitsubishi Electric နဲ့ Aisin ကုမ္ပဏီ တို့က EV ယာဥ်ထုတ်လုပ်ရေး ဖက်စပ်လုပ်ငန်း ထူထောင်ဖို့ သဘောတူညီခဲ့

Mitsubishi Electric ကုမ္ပဏီ နဲ့ မော်တော်ယာဥ်အစိတ်အပိုင်းတွေတင်သွင်းတဲ့ အဓိကကုမ္ပဏီ Aisin တို့က မျိုးဆက်သစ် လျှပ်စစ်မော်တော်ယာဉ် EV တွေအတွက် ထုတ်ကုန်တွေ တီထွင်ထုတ်လုပ်မယ့် ဖက်စပ်လုပ်ငန်းတစ်ခုကို တည်ထောင်ဖို့ အခြေခံသဘောတူညီချက်တစ်ရပ်ကို ရရှိခဲ့တယ်လို့ ဆိုပါတယ်။

မော်တော်ယာဥ်နဲ့ စက်ပစ္စည်းလုပ်ငန်းဆိုင်ရာ လက်အောက်ခံလုပ်ငန်းခွဲတစ်ခုရှိတဲ့ Mitsubishi ကုမ္ပဏီနဲ့ Aisin ကုမ္ပဏီတို့က electric နဲ့ plug-in hybrid ကားတွေအတွက် မော်တာနဲ့တခြားအစိတ်အပိုင်းတွေကို ဒီကုမ္ပဏီသစ်ကနေ ထောက်ပံ့ပေးသွားမယ်လို့ ပြောပါတယ်။

Mitsubishi ဘက်က အစုရှယ်ယာ ၆၆ ရာခိုင်နှုန်း နဲ့ Aisin ဘက်က ကျန်တဲ့ ရှယ်ယာတွေကို ထည့်ဝင်ဖို့ စီစဉ်ထားပါတယ်။

Mitsubishi ကုမ္ပဏီဟာ သူ့ရဲ့ကားအစိတ်အပိုင်းလုပ်ငန်းကို ပြီးခဲ့တဲ့လမှာ ခွဲထုတ်ခဲ့ပါတယ်။ အဲဒီကလုပ်ငန်းတချို့ကို ကုမ္ပဏီအသစ်က ခွဲဝေရယူမှာ ဖြစ်ပါတယ်။

Mitsubishi ရဲ့ အားသာချက်ဟာ ဓာတ်အားဆိုင်ရာ စက်ပစ္စည်းနဲ့ အင်ဗာတာတွေ ဖြစ်ပါတယ်။

Aisin ကတော့ EV ယာဥ်တွေ စွမ်းအင်ပေးရေးမှာ အဓိကကျတဲ့ မော်တာပေါင်းစပ် အစိတ်အပိုင်းတွေအပါအဝင် လျှပ်စစ်အစိတ်အပိုင်းတွေကို ထောက်ပံ့ပေးနေပါတယ်။

အခုလို ပေါင်းစည်းလိုက်တာကြောင့် မြန်မြန်ဆန်ဆန် ဖွံ့ဖြိုးတိုးတက်နေတဲ့ ဒီလုပ်ငန်းနယ်ပယ်မှာ သူတို့ရဲ့ယှဉ်ပြိုင်နိုင်စွမ်းရည်ကို မြှင့်တင်ပေးနိုင်မယ်လို့ အဲဒီဂျပန်ကုမ္ပဏီတွေက မျှော်လင့်ကြပါတယ်။