ICJ က ဆုံးဖြတ်ချက်ချမယ့် သောကြာနေ့မတိုင်ခင် အစ္စရေးက Rafah စစ်ဆင်ရေးကို ဆက်လက်လုပ်ဆောင်မယ်လို့ဆို

နိုင်ငံတကာတရားရုံး (ICJ) က ထိုးစစ်ရပ်တန့်ရေးဆိုင်ရာ အရေးပေါ်အစီအမံတွေအတွက် တောင်းဆိုမှုနဲ့ပတ်သက်ပြီး သောကြာနေ့မှာ ဆုံးဖြတ်ချက်ချဖို့ ရှိနေတဲ့အကြား ဂါဇာကမ်းမြောတောင်ပိုင်း Rafah မှာ စစ်ဆင်ရေးကို ဆက်လက်လုပ်ဆောင်မယ်လို့ အစ္စရေးက ကတိပြုပြောကြားခဲ့ပါတယ်။

တိမ်းရှောင်သူ အများအပြားခိုလှုံနေကြတဲ့ Rafah မြို့မှာ အစ္စရေးရဲ့ စစ်ဆင်ရေးကို ရပ်ဆိုင်းဖို့ တောင်အာဖရိကနိုင်ငံရဲ့ တောင်းဆိုချက်နဲ့ပတ်သက်ပြီး သူ့ရဲ့အမိန့်ကို ထုတ်ပြန်မယ်လို့ ကြာသပတေးနေ့မှာ ICJ က ကြေညာခဲ့ပါတယ်။

အစ္စရေးအစိုးရ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက “အစ္စရေးက မိမိရဲ့နိုင်ငံသားတွေကို ကာကွယ်ပြီး ဂါဇာမှာရှိတဲ့ ဟားမတ်စ်တွေကို တိုက်ထုတ်တာကို တားဆီးနိုင်တဲ့အင်အားဆိုတာ ကမ္ဘာပေါ်မှာ မရှိဘူး” လို့ ကြာသပတေးနေ့က ပြောကြားခဲ့ပါတယ်။

ဂါဇာကမ်းမြောင်ဒေသမှာ တိုက်ပွဲတွေကြောင့် သေဆုံးသူအရေအတွက်ဟာ ၃၅,၈၀၀ အထိ ရှိလာတယ်လို့ ဒေသန္တရ ကျန်းမာရေး အာဏာပိုင်တွေက ပြောပါတယ်။

အစ္စရေးက ဂါဇာကမ်းမြောင်ဒေသမှာ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်တယ်လို့ စွပ်စွဲပြီး တောင်အာဖရိကနိုင်ငံက ICJ မှာ တရားစွဲခဲ့ပါတယ်။