ရုရှားနဲ့ ထိုင်ဝမ်အရေးတွေကြောင့် ကာကွယ်ရေးဆိုင်ရာ အမေရိကန်ကုမ္ပဏီတွေနဲ့ အမှုဆောင်တွေကို တရုတ် ဒဏ်ခတ်ပိတ်ဆို့

ရုရှားနဲ့ ဆက်နွှယ်မှုတွေအတွက် တရုတ်အပေါ် အမေရိကန်ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုကို တန်ပြန်တာ၊ အမေရိကန်ရဲ့ ထိုင်ဝမ်ကို လက်နက်ရောင်းချတာတွေနဲ့ပတ်သက်ပြီး ကာကွယ်ရေးနဲ့ ဆက်နွှယ်နေတဲ့ အမေရိကန်ကုမ္ပဏီ ၁၂ ခုနဲ့ အမှုဆောင်အရာရှိ ၁၀ ဦးတို့ကို တရုတ်က ဒဏ်ပိတ်ဆို့လိုက်ကြောင်း ကြေညာခဲ့ပါတယ်။

Lockheed Martin ရဲ့ ဌာနခွဲတစ်ခုအပါအဝင် ပစ်မှတ်ထားတဲ့ ကုမ္ပဏီ ၁၂ ခုရဲ့ တရုတ်နိုင်ငံထဲက ပိုင်ဆိုင်မှုတွေကို ပိတ်သိမ်းမယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဗုဒ္ဓဟူးနေ့မှာ ပြောခဲ့ပါတယ်။ ဒီလုပ်ဆောင်ချက်ဟာ တရုတ်နိုင်ငံရဲ့ နိုင်ငံခြားဒဏ်ခတ်ပိတ်ဆို့မှုတိုက်ဖျက်ရေးဥပဒေအပေါ် အခြေခံမှာ ဖြစ်ပါတယ်။။

Northrop Grumman ရဲ့ CEO အပါအဝင် အမှုဆောင် ၁၀ ဦးဟာ တရုတ်နိုင်ငံထဲ ဝင်ရောက်ခွင့် ပိတ်ပင်ခံရမှာဖြစ်ပါတယ်။

အမေရိကန်ဟာ ရုရှားနဲ့ဆက်နွှယ်တယ်ဆိုတဲ့အချက်တွေအပေါ် အခြေခံပြီး တရုတ်အဖွဲ့အစည်းတွေအပေါ် တစ်ဖက်သတ် ပိတ်ဆို့အရေးယူမှုတွေ ပြုလုပ်ခဲ့ပြီး အဲဒါကြောင့် အဲဒီအဖွဲ့အစည်းတွေရဲ့ တရားဝင်အကျိုးစီးပွားတွေ သိသိသာသာ ထိခိုက်ခဲ့ရတယ်လို့ အဲဒီဝန်ကြီးဌာနက စွပ်စွဲခဲ့ပါတယ်။

ရုရှားရဲ့ စစ်ဘက်ဆိုင်ရာလုပ်ငန်းကို ပံ့ပိုးကူညီတယ်ဆိုတဲ့ သံသယနဲ့ တရုတ်အခြေစိုက် အဖွဲ့အစည်းအများအပြားအပေါ် အမေရိကန်အစိုးရက ဒဏ်ခတ်ပိတ်ဆို့မှုတွေကို အခုလထဲမှာ ချမှတ်ခဲ့ပါတယ်။

ထိုင်ဝမ်ကို အမေရိကန်ရဲ့ လက်နက်ရောင်းချမှုကိုလည်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ‌ထောက်ပြပြောဆိုခဲ့ပါတယ်။