ဂျပန်အစိုးရရဲ့ ၁၀ နှစ်သက်တမ်းရှိ ငွေချေးစာချုပ်အတိုးနှုန်း ၁ ရာခိုင်နှုန်းအထိ တက်လာ

ဂျပန်အစိုးရ ၁၀ နှစ်သက်တမ်းငွေချေးစာချုပ်အတိုးနှုန်းဟာ ၁ ရာခိုင်နှုန်းအထိတက်လာပြီ ဖြစ်ပါတယ်။ ဒါဟာ ၁၁ နှစ်တာကာလအတွင်း အမြင့်ဆုံး ဖြစ်ပါတယ်။

ဗုဒ္ဓဟူးနေ့က ငွေချေးစာချုပ်အတိုးနှုန်း အညွှန်းကိန်းဟာ ၂၀၁၃ ခုနှစ် မေလနောက်ပိုင်း မကြုံဖူးတဲ့အဆင့်ကို ခဏတာ မြင့်တက်သွားခဲ့ပါတယ်။ အစိုးရငွေချေးစာချုပ်တွေ ဈေးကျတဲ့အခါ အတိုးနှုန်းတွေ မြင့်တက်လာပါတယ်။

ဂျပန်ဗဟိုဘဏ် BOJ ဟာ သူ့ရဲ့ အလုံးအရင်းနဲ့ငွေကြေးဖြေလျှော့မှုမူဝါဒကို မျှော်လင့်ထားတာထက် စောပြီး ပုံမှန်ဖြစ်စေနိုင်တယ်လို့ တွက်ဆပြီး ရင်းနှီးမြှုပ်နှံသူတွေက စာချုပ်တွေကို ထုတ်ရောင်းခဲ့ကြပါတယ်။

BOJ ရဲ့ပြီးခဲ့တဲ့ သီတင်းပတ်က ထုတ်ပြန်တဲ့ အစိုးရငွေချေးစာချုပ်တွေ ဝယ်ယူမှုလျှော့ချမယ့် ကြေညာချက်ဟာ အတိုးနှုန်းထားတွေမြင့်တက်လာမယ်ဆိုတဲ့ ယူဆချက်တွေကို ပိုပြီးအားကောင်းလာစေခဲ့ပါတယ်။

ဗဟိုဘဏ်က သူ့ရဲ့ငွေကြေးဖြေလျှော့မှုအစီအမံတွေကို ချိန်ညှိခဲ့ချိန် မတ်လအနှောင်းပိုင်း နောက်ပိုင်းမှာ ၁၀ နှစ်သက်တမ်းရှိ ငွေချေးစာချုပ်အတိုးနှုန်း မြင့်တက်လာခဲ့ပါတယ်။ အဲဒီအစီအမံတွေထဲမှာ အတိုးနှုန်း သုညအောက်မှာပဲ ထားရှိတာနဲ့ ကာလရှည်သက်တမ်းရှိငွေချေးစာချုပ်ဆိုင်ရာ အတိုးနှုန်းပြောင်းလဲမှုမျဉ်းကို ထိန်းချုပ်တာတွေကို အဆုံးသတ်ဖို့ ပါဝင်ပါတယ်။