Cannes ရုပ်ရှင်ပွဲတော်မှာ ဂုဏ်ထူးဆောင် Palme d'Or ဆုကို Studio Ghibli ရရှိ

Stuido Ghibli ဟာ Cannes ရုပ်ရှင်ပွဲတော်မှာ ဂုဏ်ထူးဆောင် Palme d'Or ဆုကို ရရှိခဲ့ပြီး အာနီမဲရုပ်ရှင်လောကမှာ နှစ်ပေါင်း ၄၀ ကြာ အကောင်းဆုံးလက်ရာတွေကို ဖန်တီးခဲ့ခြင်းအတွက် အဲဒီလို အသိအမှတ်ပြုခံခဲ့ရပါတယ်။

တနင်္လာနေ့မှာ ကျင်းပတဲ့ အဲဒီဆုပေးပွဲအခမ်းအနားမှာ ဒါရိုက်တာ Miyazaki Goro နဲ့ စတူဒီယိုက တခြားကိုယ်စားလှယ်တွေ ဆု လက်ခံရယူချိန်မှာ ပရိတ်သတ်တွေက မတ်တပ်ရပ်ပြီး လက်ခုပ်ဩဘာပေးခဲ့ကြပါတယ်။

ဒါရိုက်တာ Miyazaki Goro ဟာ Studio Ghibli ရဲ့ ပူးတွဲတည်ထောင်သူ အထင်ကရဒါရိုက်တာ Miyazaki Hayao ရဲ့ သားဖြစ်ပါတယ်။ ဖခင် Miyazaki ရဲ့ လက်ရာတွေထဲမှာ အော်စကာဆု ရရှိထားတဲ့ "Spirited Away" နဲ့ "The Boy and the Heron" တို့ ပါဝင်ပါတယ်။

သား Miyazaki က ဒီဆုဟာ Studio Ghibli ကို နောက်ထပ် နှစ်ပေါင်း ၄၀ ဆက်လက် ကြိုးစားဖို့ သတင်းစကားပါးလိုက်တာ ဖြစ်တယ်လို့ ယုံကြည်ကြောင်း သူ့ မိန့်ခွန်းထဲမှာ ပြောကြားခဲ့ပါတယ်။

ရုပ်ရှင်လောကကို ထူးချွန်ထက်မြက်စွာ အကျိုးပြုတဲ့အတွက် ဂုဏ်ထူးဆောင် Palme d'Or ဆုကို လူတစ်ဦးတစ်ယောက်ဆီမဟုတ်ဘဲ အဖွဲ့အစည်းတစ်ခုဆီ ပေးတာ ဒါ ပထမဆုံးအကြိမ် ဖြစ်တယ်လို့ ပွဲစီစဉ်သူတွေက ပြောပါတယ်။

ကမ္ဘာ့ရုပ်ရှင်အများအပြား ပါဝင်ယှဉ်ပြိုင်တဲ့ ပွဲတော်ကြီး သုံးခုထဲက တစ်ခုဖြစ်တဲ့ Cannes ရုပ်ရှင်ပွဲတော်ကို မေလ ၂၅ ရက်နေ့အထိ ကျင်းပမှာ ဖြစ်ပါတယ်။