သမ္မတ Raisi သေဆုံးမှုအတွက် အီရန်ပြည်သူများဝမ်းနည်းပူဆွေး

ရဟတ်ယာဉ်ပျက်ကျမှုအတွင်း သေဆုံးခဲ့တဲ့ အီရန်သမ္မတ Ebrahim Raisi နဲ့ တခြားလိုက်ပါခဲ့သူတွေအတွက် အောက်မေ့ဖွယ် အခမ်းအနားတွေကို အီရန်နိုင်ငံတစ်ဝှမ်းမှာ ကျင်းပခဲ့ပါတယ်။

အီရန်နိုင်ငံ အနောက်မြောက်ပိုင်းပြည်နယ် East Azerbaijan မှာ တနင်္ဂနွေနေ့က ပျက်ကျခဲ့တဲ့ ရဟတ်ယာဉ်ပေါ်မှာ လိုက်ပါခဲ့တဲ့ မစ္စတာ Raisi နဲ့ နိုင်ငံခြားရေးဝန်ကြီး Hossein Amir Abdollahian တို့ အပါအဝင် လူရှစ်ဦးစလုံး သေဆုံးခဲ့ပါတယ်။

အာဏာပိုင်တွေဟာ ခရီးသည်တွေရဲ့ ရုပ်အလောင်းတွေကိုရယူခဲ့ပြီး အစိုးရပိုင် မီဒီယာတွေက ရာသီဥတုဆိုးရွားတဲ့အတွက်ကြောင့်လို့ဆိုတဲ့ ပျက်ကျရတဲ့အကြောင်းရင်းကို ဆုံးဖြတ်နိုင်ဖို့ လုပ်ဆောင်နေပါတယ်။

တနင်္လာနေ့မှာ တီဟီရန်မြို့နဲ့ နိုင်ငံရဲ့တခြားနေရာတွေမှာ ကျင်းပတဲ့ အောက်မေ့ဖွယ် အခမ်းအနားတွေမှာ ဝမ်းနည်းပူဆွေးသူတွေ စုရုံးရောက်ရှိလာခဲ့ကြပါတယ်။

အီရန်ရဲ့ အမြင့်ဆုံးခေါင်းဆောင် Ayatollah Ali Khamenei က နိုင်ငံရဲ့ဝမ်းနည်းကြေကွဲ မှု ငါးရက်ကို ကြေညာခဲ့ပါတယ်။

ဒုတိယသမ္မတ (၁) Mohammad Mokhber ဟာ အချိန်အတိုင်းအတာတစ်ခုအထိ ယာယီသမ္မတအဖြစ် တာဝန်ယူမယ်လို့ အရာရှိတွေက ပြောပါတယ်။ သမ္မတသစ်ရွေးကောက်ပွဲကို ဇွန်လ ၂၈ ရက်မှာ ကျင်းပမှာ ဖြစ်ပါတယ်။

အစိုးရအဖွဲ့ဝင်အပြောင်းအလဲတွေဟာ အီရန်ရဲ့ အရှေ့အလယ်ပိုင်းဆိုင်ရာ သံတမန်ရေးရာမူဝါဒအပေါ် ဘယ်လိုသက်ရောက်မလဲဆိုတာကို စောင့်ကြည့်ရမှာပါ။ ဂါဇာမှာ အစ္စရေးကို တိုက်ခိုက်နေတဲ့ ဟားမတ်စ် စစ်သွေးကြွတွေကို အီရန်က ထောက်ခံပါတယ်။