အီရန်သမ္မတ Ebrahim Raisi ရဲ့ ကိုယ်ရေးအကျဉ်း

အီရန်သမ္မတ Ebrahim Raisi ဟာ အသက် ၆၃ နှစ်ရှိပြီ ဖြစ်ပါတယ်။ သူဟာ အီရန်နိုင်ငံ အရှေ့မြောက်ပိုင်း Mashhad မြို့က အစ္စလာမ်ဘာသာဝင် ဥပဒေပညာရှင် ဖြစ်ပါတယ်။

အစ္စလာမ်နိုင်ငံဖြစ်တဲ့ အီရန်နိုင်ငံကို ထိန်းသိမ်းရာမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါ၀င်တဲ့ အီရန်နိုင်ငံရဲ့ တရားစီရင်ရေးမှာ ဥပဒေအရာရှိချုပ်နဲ့ တရားသူကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

မစ္စတာ Raisi ဟာ ၂၀၂၁ ခုနှစ် ဇွန်လတုန်းက ပြုလုပ်တဲ့ သမ္မတရွေးကောက်ပွဲမှာ အနိုင်ရခဲ့ပါတယ်။

သူဟာ ရှေးရိုးဆန်ပြီး သဘောထားတင်းမာသူအဖြစ် လူသိများပြီး အီရန်နိုင်ငံရဲ့ ထိပ်တန်းခေါင်းဆောင် အသက် ၈၅ နှစ် အရွယ် Ayatollah Ali Khamenei ရဲ့ နေရာကို ဆက်ခံနိုင်ခြေရှိသူတွေထဲက တစ်ဦးအဖြစ် ခန့်မှန်းခ့ခဲ့ရတာ ဖြစ်ပါတယ်။

မစ္စတာ Raisi ဟာ ၂၀၂၂ ခုနှစ်တုန်းက အသက် ၂၂ နှစ် အရွယ် အမျိုးသမီးတစ်ဦး ရဲအချုပ်ခန်းမှာ သေဆုံးမှုကြောင့် နိုင်ငံတစ်ဝန်းမှာ ဖြစ်ပွားခဲ့တဲ့ ဆန္ဒပြပွဲတွေကို ပြင်းပြင်းထန်ထန် ဖြိုခွဲခဲ့ပါတယ်။ သေဆုံးခဲ့သူ Mahsa Amini ဟာ ဦးခေါင်းစွတ်ပုဝါကို မသင့်မလျော် ဝတ်ဆင်ခဲ့မှု ကြောင့် အဖမ်းခံခဲ့ရပါတယ်။

လူ့အဖွဲ့အစည်းရဲ့ ငြိမ်းချမ်းမှုကို လူတွေ အဓိကရုဏ်းတွေနဲ့ နှောင့်ယှက်တာကို သူ့အစိုးရက ခွင့်မပြုနိုင်ဘူးလို့ မစ္စတာ Raisi က အဲဒီအချိန်တုန်းက ပြောခဲ့ပါတယ်။

မစ္စတာ Raisi ဟာ အမေရိကန်နဲ့ ဥရောပနိုင်ငံတွေအပေါ် သဘောထားတင်းမာတဲ့ သံတမန်ရေးနည်းလမ်းကို ဆက်လက်လုပ်ဆောင်ခဲ့ပါတယ်။

သူဟာ ဂါဇာဒေသမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲမှာ အစ္စရေးနဲ့
ကျောထောက်နောက်ခံဖြစ်တဲ့ အမေရိကန်ပြည်ထောင်စုအပေါ် ပိုမို ထိပ်တိုက်တွေ့တဲ့ လမ်းကြောင်းကို ကျင့်သုံးပြီး ဟားမတ်စ်အဖွဲ့ကို ထောက်ခံခဲ့ပါတယ်။
###