နျူကလီးယားပြိုကွဲမှုအနေအထား မရှိတဲ့ စမ်းသပ်မှုကို အမေရိကန် ပြုလုပ်တာနဲ့ ပတ်သက်ပြီး Nagasaki ခရိုင်အုပ်ချုပ်ရေးမှူးနဲ့ မြို့ဝန် ကန့်ကွက်

မကြာသေးခင်က အမေရိကန်က ပြုလုပ်ခဲ့တဲ့ နျူကလီးယားပြိုကွဲမှုအနေအထား မရှိတဲ့ စမ်းသပ်မှုကို Nagasaki ခရိုင်အုပ်ချုပ်ရေးမှူးက ကန့်ကွက်ခဲ့ပါတယ်။

အဲဒီစမ်းသပ်မှုကို အင်္ဂါနေ့က နိုင်ငံအနောက်ပိုင်း Nevada ပြည်နယ်မှာ ပြုလုပ်ခဲ့တာ ဖြစ်တယ်လို့ အမေရိကန်အစိုးရက ပြောပါတယ်။

သမ္မတ Joe Biden အစိုးရလက်ထက်မှာ အဲဒီလို စမ်းသပ်မှုမျိုးကို ပြုလုပ်တာ သုံးကြိမ်မြောက် ရှိပြီ ဖြစ်ပြီး အမေရိကန်အစိုးရဟာ "အဲဒီစမ်းသပ်မှုတွေ ပြုလုပ်တဲ့ အကြိမ်ရေကို တိုးမြှင့်ဖို့ စီစဉ်ထားတယ်" လို့ အကြီးတန်းအရာရှိတစ်ဦးက ပြောပါတယ်။

စနေနေ့က ဂျပန်ဆိုင်ရာ အမေရိကန်သံအမတ် Rahm Emanuel ဆီ ပေးပို့ခဲ့တဲ့ စာထဲမှာ Nagasaki ခရိုင်အုပ်ချုပ်ရေးမှူး Oishi Kengo က အဲဒီစမ်းသပ်မှုဟာ နျူကလီးယားလက်နက်ပြိုင်ဆိုင်မှုကို ပိုပြီး အရှိန်မြင့်လာစေလိမ့်မယ်လို့ ဆိုပါတယ်။

အမေရိကန်အနေနဲ့ နျူကလီးယားလက်နက်တွေကို ထိန်းသိမ်းတာ ဒါမှမဟုတ် တီထွင်တာကို အကျိုးပြုတဲ့ စမ်းသပ်မှုအားလုံးကို ရပ်တန့်ပေးဖို့ သူက တောင်းဆိုခဲ့ပါတယ်။

Nagasaki မြို့ဝန်ကလည်း မစ္စတာ Biden နဲ့ မစ္စတာ Emanuel ဆီ ကန့်ကွက်စာတစ်စောင် ပေးပို့ခဲ့ပြီး အဲဒီလို စမ်းသပ်မှုကို လုံးဝခွင့်မပြုနိုင်ဘူးလို့ ဆိုပါတယ်။

အဲဒီစမ်းသပ်မှုဟာ ငြိမ်းချမ်းရေး လိုလားတဲ့ အဏုမြူဗုံးဒဏ်က ရှင်သန်လွတ်မြောက်လာသူတွေနဲ့ တခြားသူတွေရဲ့ ဆန္ဒကို နင်းခြေရာရောက်တယ်လို့လည်း သူက ပြောပါတယ်။