စည်းကမ်းဖောက်ဖျက်တဲ့ စက်ဘီးစီးသူတွေကို ပိုမိုပြင်းထန်တဲ့ ပြစ်ဒဏ်တွေချမှတ်ဖို့ ဥပဒေကြမ်းကို ဂျပန်နိုင်ငံမှာ အတည်ပြု

လမ်းစည်းကမ်းဖောက်ဖျက်တဲ့ စက်ဘီးစီးသူတွေကို ပိုပြီးပြင်းထန်တဲ့ ပြစ်ဒဏ်တွေချမှတ်ဖို့ ဥပဒေကြမ်းကို ဂျပန်လွတ်တော်အမတ်တွေက တညီတညွတ်တည်း အတည်ပြုလိုက်ကြပါတယ်။

လမ်းစည်းကမ်း အက်ဥပဒေကို ပြင်ဆင်ချက်ကို အထက်လွှတ်တော်က သောကြာနေ့မှာ အတည်ပြုခဲ့တာဖြစ်ပါတယ်။

အသေးအဖွဲပြစ်မှုတွေအတွက် "အပြာရောင်လက်မှတ်" ဒဏ်ငွေတွေ စက်ဘီးတွေအတွက်လည်း အကျုံးဝင်လာမှာဖြစ်ပါတယ်။ ဒီစနစ်မှာ ကားနဲ့ ဆိုင်ကယ်တွေ အကျုံးဝင်ပြီးဖြစ်ပါတယ်။

ပြင်ဆင်ထားတဲ့ဥပဒေမှာ စည်းကမ်း ဖောက်ဖျက်မှု ၁၁၃ မှု အတွက် ဒဏ်ငွေတွေသတ်မှတ်ထားပြီး၊ အသက် ၁၆ နှစ်နဲ့အထက်တွေ အကျုံးဝင်ပါတယ်။ အပြောင်းအလဲတွေကို ၂ နှစ်အတွင်း အကောင်အထည်ဖော်သွားမှာ ဖြစ်ပါတယ်။

စက်ဘီးစီးသူတွေ ပတ်သက်နေတဲ့ မတော်တဆမှုတွေ တိုးလာနေပြီး၊ မီးပွိုင့်တွေ ရပ်တန့်ရေးဆိုင်းဘုတ်တွေကို လျစ်လျူရှုတာ၊ စက်ဘီးစီးရင်း လက်ကိုင်ဖုန်းအသုံးပြုတာစတဲ့ အန္တရာယ်ရှိတဲ့ အပြုအမူတွေကို ရဲတပ်ဖွဲ့က အရေးယူနေပါတယ်။

လက်ရှိမှာ ပြစ်ဒဏ်သတ်မှတ်မထားသေးတဲ့ အရက်‌သောက်ထားပြီး စက်ဘီးစီးတာအတွက် ထောင်ဒဏ် ၃ နှစ် ဒါမှမဟုတ် ဒဏ်ငွေ ယန်း ၅၀၀,၀၀၀ တစ်နည်းအားဖြင့် အ‌မေရိကန် ဒေါ်လာအားဖြင့် ၃,၂၀၀ သတ်မှတ်မှာ ဖြစ်ပါတယ်။