ဂျပန်အခြေစိုက်တရုတ်သုတေသီကို တရုတ်မှာ ထောင်ဒဏ် ၆ နှစ် ချမှတ်ခဲ့

ဂျပန်အတွက် သူလျှိုလုပ်မှုဖြင့် စွဲချက်တင်ခံထားရတဲ့ တရုတ်လူမျိုး သုတေသီတစ်ဦးကို တရုတ်နိုင်ငံမှာ ထောင်ဒဏ် ၆ နှစ် ချမှတ်လိုက်ပါတယ်။

ဂျပန်မှာရှိတဲ့ Hokkaido University of Education က ပါမောက္ခဟောင်း Yuan Keqin ဟာ သူ့ရဲ့ မွေးရပ်မြေမှာ ယာယီသွားရောက်နေထိုင်နေစဉ် ၂၀၁၉ ခုနှစ် မေလက ထိန်းသိမ်းခံခဲ့ရပါတယ်။ ဂျပန်ထောက်လှမ်းရေးအေဂျင်စီရဲ့ တောင်းဆိုမှုနဲ့ ကာလရှည် သူလျှိုလုပ်ပေးခဲ့တယ်ဆိုပြီး နောက်ပိုင်းမှာ သူ့ကို စွဲချက်တင်ခဲ့ပါတယ်။

မစ္စတာ Yuan ကို ဇန်နဝါရီလက တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်းက Jilin ပြည်နယ်၊ Changchun မြို့က တရားရုံးမှာ စီရင်ချက်ချမှတ်ခဲ့တာ ဖြစ်တယ်လို့ သူနဲ့နီးစပ်တဲ့ သတင်းရင်းမြစ်တွေက ဆိုပါတယ်။

မစ္စတာ Yuan ဟာ အထက်တရားရုံးကို အယူခံဝင်ဖို့စီစဉ်နေပေမဲ့လည်း စီရင်ချက်အသေးစိတ်ကို မသိရသေးပါဘူး။

သုတေ‌သီ လုပ်ဖော်ကိုင်ဖက်တွေနဲ့ တခြားသူတွေက သူ့မှာအပြစ်မရှိဘူးဆိုပြီး ချက်ချင်းလွှတ်ပေးဖို့ တောင်းဆိုနေကြပါတယ်။