'စွမ်းအင်သစ်' မော်ဒယ်တွေ ရေပန်းစားလာတာကြောင့် တရုတ်ကားတွေ ရောင်းအားမြင့်တက်လာနေ

လျှပ်စစ်ကား (EV) နဲ့ တခြား "စွမ်းအင်သစ် ယာဉ်တွေ" လို့ခေါ်တဲ့ယာဉ်တွေ အရောင်းမြင့်တက်လာတာကြောင့် ဧပြီလမှာ တရုတ်နိုင်ငံရဲ့ ကားသစ်ရောင်းအားဟာ အရင်နှစ် အလားတူကာလကထက် မြင့်တက်လာခဲ့ပါတယ်။

ပြီးခဲ့တဲ့လမှာ အရောင်းဆိုင်တွေဟာ ကားအစီးရေ ၂.၃၅ သန်း ရောင်းချခဲ့တယ်လို့ တရုတ်မော်တော်ယာဉ်ထုတ်လုပ်သူများအသင်းက ဆိုပါတယ်။ ဒါဟာ အရင်နှစ်ကထက် ၉.၃ ရာခိုင်နှုန်း တက်လာတာ ဖြစ်ပါတယ်။

စွမ်းအင်သစ်ယာဉ်တွေက ၃၃.၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး စုစုပေါင်း ရောင်းရတဲ့ယာဉ်တွေရဲ့ သုံးပုံတစ်ပုံကျော် နေရာယူထားပါတယ်။

Plug-in hybrid အမျိုးအစား ယာဉ်တွေက ၉၅ ရာခိုင်နှုန်း တိုးလာပြီး EV တွေက ၁၁ ရာခိုင်နှုန်း တိုးလာပါတယ်။

ပို့ကုန်အနေနဲ့ ဧပြီလမှာ တရုတ်နိုင်ငံက ကားအစီးရေ ၅၀၄,၀၀၀ တင်ပို့ခဲ့ပါတယ်။ ဒါဟာ အရင်နှစ်ကထက် ၃၄ ရာခိုင်နှုန်း တိုးလာတာဖြစ်ပါတယ်။
ဒီမြင့်တက်နှုန်းဟာ တရုတ်နိုင်ငံက ကမ္ဘာ့အကြီးဆုံး မော်တော်ကား တင်ပို့ရောင်းချသူ ဖြစ်လာတဲ့ အရင်နှစ်ကထက် သိသိသာသာ ကျော်လွန်နေပါတယ်။

ဒါပေမဲ့ အနောက်နိုင်ငံတွေရဲ့ အာဏာပိုင်တွေက တခြားအကြောင်းအရင်းတွေထဲမှာမှ အလွန်အကျွံ့ထုတ်လုပ်မှုကို အကြောင်းပြုပြီး နိုင်ငံခြားဈေးကွက်မှာ မတန်တဆနည်းပါးတဲ့ ဈေးနဲ့ တရုတ်ကားတွေကို ရောင်းချနေတယ်လို့ သံသယရှိနေကြပါတယ်။