ဂျပန်နိုင်ငံအနှံ့ မိုးသည်းထန်မယ်လို့ ခန့်မှန်းထား

တနင်္ဂနွေနေ့နဲ့ တနင်္လာနေ့တွေမှာ နိုင်ငံအနှံ့ မိုးသည်းထန်နိုင်တယ်လို့ ဂျပန်မိုးလေဝသဌာန တာဝန်ရှိသူတွေက ပြောပါတယ်။ ရွှံ့မြေပြိုကျတာ၊ ရေကြီးတာနဲ့ မြစ်ရေလျှံတာတွေ ဖြစ်နိုင်တဲ့အတွက် ပြည်သူတွေ သတိထားကြဖို့ သူတို့က တိုက်တွန်းထားပါတယ်။

လေစိုင်ဆုံတွေနဲ့ လေဖိအားနည်းရပ်ဝန်းတွေဆီ စိုထိုင်းတဲ့ လေထုစီးဝင်တိုက်ခတ်တာကြောင့် အနောက်ဘက်ဒေသတွေမှာ မိုးရွာသွန်းနေတယ်လို့ ဂျပန်မိုးလေဝသအေဂျင်စီက ပြောပါတယ်။

တနင်္ဂနွေနေ့မှာ ဂျပန်နိုင်ငံအနောက်ပိုင်းက ဒေသတွေနဲ့၊ တနင်္လာနေ့အထိ Okinawa ခရိုင်နဲ့ Kagoshima ခရိုင်က Amami ဒေသမှာတော့ မိုးရွာသွန်းမှုနဲ့ မိုးကြိုးပစ်နိုင်ဖွယ်ရှိကြောင်း အေဂျင်စီက ခန့်မှန်းထားပါတယ်။

တနင်္ဂနွေနေ့အနှောင်းပိုင်းကနေ ဂျပန်အရှေ့ပိုင်းနဲ့၊ တနင်္လာနေ့မှာတော့ မြောက်ပိုင်းဒေသတွေမှာ ရာသီဥတု ဆိုးရွားလာမယ်လို့ တာဝန်ရှိသူတွေက ခန့်မှန်းထားပါတယ်။

တနင်္လာနေ့ မနက်အထိ ၂၄ နာရီအတွင်း စုစုပေါင်းမိုးရေချိန်ဟာ Shikoku ဒေသမှာ ၂၀၀ မီလီမီတာနဲ့ Tokai ဒေသမှာ ၁၅၀ မီလီမီတာအထိ ရှိနိုင်ပါတယ်။

အင်္ဂါနေ့ မနက်အထိ ၂၄ နာရီအတွင်း စုစုပေါင်းမိုးရေချိန်ဟာ Tokai ဒေသမှာ ၁၀၀ ကနေ ၂၀၀ မီလီမီတာနဲ့ Tohoku ဒေသ Kanto-Koshin နဲ့ Izu ကျွန်းတွေမှာ ၁၀၀ ကနေ ၁၅၀ မီလီမီတာအထိ ရှိနိုင်ပါတယ်။