ဂျပန်အနောက်ပိုင်းက မိခင်ပန်ဒါဝက်ဝံ အမေများနေ့မှာ အထူးလက်ဆောင်တွေရ

သားစဉ်မြေးဆက် ပန်ဒါကလေးတွေကို ပြုစုပျိုးထောင်ပေးခဲ့တဲ့အတွက် ဂျပန်အနောက်ပိုင်း Wakayama ခရိုင်က တိရစ္ဆာန်ရုံတစ်ရုံမှာ ပန်ဒါဝက်ဝံတစ်ကောင်ကို မိခင်များနေ့မှာ ဂုဏ်ပြုခဲ့ပါတယ်။

Shirahama မြို့မှာရှိတဲ့ Adventure World က Rauhin ဟာ သားပေါက် ၁၀ ကောင်ကို မွေးဖွားခဲ့ပါတယ်။

တနင်္ဂနွေနေ့မှာ တိရစ္ဆာန်ရုံဝန်ထမ်းတွေက "ထာဝစဉ် ကျေးဇူးတင်ပါတယ်" လို့ ဝါးပင်လေး‌တွေနဲ့ စာတန်း‌ဖော်ရေးသားခဲ့ပါတယ်။ သူတို့ဟာ မိခင်ပန်ဒါကို မုန်လာဥနီနဲ့ ဖန်တီးထားတဲ့ ဇော်မွှားပန်းပုံစံ ပန်းစည်းနဲ့ တခြားအစားအစာတွေ ကျွေးမွေးခဲ့ပါတယ်။

Rauhin ဟာ မုန်လာဥနီကို ကိုက်စားပြီးနောက် သူနှစ်သက်တဲ့ ဝါးပင်လေးတွေကို စားခဲ့ပါတယ်။

အခမ်းအနားမှာ ကြိုပြီး လျှောက်ထားသူ ၅၀ကျော် တက်ရောက်ခဲ့ပါတယ်။ သူတို့ဟာ အဲဒီ မိခင်ပန်ဒါကြီးကို အနီးကပ်ကြည့်ရှုပြီး တချို့က ဓါတ်ပုံရိုက်ခဲ့ကြပါတယ်။

သမီးနဲ့အတူ လိုက်ပါလာတဲ့ အသက် ၇၀တန်း အရွယ် အမျိုးသမီးတစ်ဦးက သူဟာ ဝင်ခွင့်ရအောင်ကြိုလျှောက်ထားခဲ့တဲ့ သမီးဖြစ်သူက သူ့ကိုဖိတ်တာကြောင့်အဲဒီကိုလာခဲ့တာလို့ ဆိုပါတယ်။ သူ့အတွက် အမေများနေ့ လက်ဆောင်ဖြစ်တယ်လို့ ယုံကြည်ကြောင်း သူက ပြောပါတယ်။

တိရစ္ဆာန်ရုံဝန်ထမ်း Nakaya Yuka က သားပေါက်တွေအများကြီးကို ပြုစုပျိုးထောင်ပေးခဲ့တဲ့ Rauhin ကို သူတို့ ကျေးဇူးတင်ကြောင်း ပြောပါတယ်။ သူဟာ Rauhin ကို ဆက်ပြီးပြုစုစောင့်ရှောက်လိုကြောင်းနဲ့ သူကျန်းမာနေစေဖို့ ဆက်ပြီးကြိုးစားသွားမှာ ဖြစ်ကြောင်းလည်း ပြောသွားပါတယ်။